အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးနှင့် ရှမ်းအစပ် နောင်ချိုတွင် တိုက်ပွဲအပြင်းအထန်ဖြစ်

မန္တလေးတိုင်းနှင့် ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုတွင် ယမန်နေ့ (ဩဂုတ် ၂၄) က စစ်ကောင်စီတပ်နှင့် တစ်နေကုန်နီးပါး အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က နံနက် ၈ နာရီမှ ညပိုင်းအထိ ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (MPDF) ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် မိုးကြိုးဆိုသူက ပြောသည်။

“မနေ့မနက်ကစပြီး ညပိုင်းအထိ တစ်နေကုန် ကြိုကြားကြိုကြား တိုက်ပွဲဖြစ်တယ်။ ညနေ ၄ နာရီခွဲလောက်မှာ သူတို့ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ပါ လာပစ်တယ်။ ဒေသခံတွေလည်း ထွက်ပြေးနေရတယ်” ဟု ၎င်းက ဆိုသည်။

ဒေသခံ PDF ဘက်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရသော်လည်း မစိုးရိမ်ရကြောင်း၊ စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ကျသည်ဟု ရဲဘော်မိုးကြိုးက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နောင်ချိုမြို့နယ်မှာ စစ်တက္ကသိုလ်များနှင့် စစ်ကောင်စီတပ်ရင်းများ အခြေစိုက်ရာ ပြင်ဦးလွင်မြို့နှင့် နယ်မြေချင်း ထိစပ်နေပြီး အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော မန္တလေး – မူဆယ်ကာလမ်းပေါ်၌ရှိသည်။ 

စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ပစ်သဖြင့် အနီးဝန်းကျင်ရှိ ကုလားကွဲနှင့် လုံခံရွာတို့မှ ဒေသခံ ၅၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“တချို့က တောထဲပြေးကြတယ်။ တချို့က ပိတ်မိနေသူတွေလည်း ရှိတယ်။ ဒီမနက်အထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ကြားတယ်” ဟု နောင်ချိုမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ကုလားကွဲရွာသည် အိမ်ခြေ ၁၇၆ ရှိပြီး လူဦးရေ ၄၀၀ ကျော် နေထိုင်ကြောင်း၊ အိမ်ခြေ ၈၀ ခန့်ရှိ လုံခံရွာတွင် လူဦးရေ ၂၀၀ ခန့်နေထိုင်ကြောင်း သိရသည်။

“မနေ့ကတော့ ပြင်ဦးလွင်ကနေ နောင်ချိုဘက်ကို စစ်ကားအကြီးတွေ တက်သွားတာ တွေ့ရတယ်။ ဒီနေ့ မနက်တော့ မတွေ့သေးဘူး” ဟု ထိုဒေသခံက ဆက်ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ မန္တလေးတိုင်းအခြေစိုက် (MPDF) သည် မတ္တရာမြို့နယ် PDF နှင့် ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ဇူလိုင်လကုန်မှစ၍ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်လာသည်။

UG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မန္တလေးတပ်ဖွဲ့ဝင်များကို ဇန်နဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-MPDF)

ပြီးခဲ့သည့် ဩဂုတ် ၅ ကလည်း မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ် ခဲမွန်ရွာအနီး စစ်တပ်နှင့် MPDF တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သေးသည်။

ယခုလ ၃ ရက်ကလည်း နောင်ချိုမြို့နယ်တွင် လုံခြုံရေးယူနေသည့် ဒေသခံကာကွယ်ရေးအဖွဲ့နှင့် စစ်ကြောင်းထိုးလာသည့် အင်အား၂၀၀ နီးပါးရှိ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၃၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံ PDF တာဝန်ရှိသူများက ပြောဆိုထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် PDF အဖွဲ့များအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအောဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ ရှမ်းလက်နက်ကိုင်အဖွဲ့များဖြစ်သော RCSS နှင့် SSPP တို့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သော ရက္ခိုင့်တပ်တော် (AA) လည်း လှုပ်ရှားနေကြသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button