အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကသာမြို့တွင် စစ်တပ်က ရွာသား ၆၀ ခန့်ကို ဖမ်းဆီးစစ်ဆေး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာကို စစ်တပ်က ဩဂုတ် ၁၅ တွင် ဝင်ရောက်စီးနင်းပြီး ဒေသခံ ၆၀ ခန့် ဖမ်းဆီးစစ်ဆေးခံနေရသလို အချို့မှာ တောထဲမှာ ရှောင်တိမ်းနေရသည်ဟု ဒေသခံများက ပြောသည်။

မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် ကသာမြို့အရှေ့မြောက်ဘက်ရှိ ကျောက်ထုံးကြီးရွာကို ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် တိုက်နယ်ဆေးရုံ တို့တွင် တပ်စွဲပြီး ရွာသားများကို ဖမ်းဆီး စစ်ဆေးနေသည်ဟု ကသာဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ရွာထဲကလူတွေက ကျောက်ပြီးမှ ဘုန်းကြီးကျောင်းမှာသွားပုန်းနေတာကို ဘာမှမလုပ်ဘူး၊ ကိုယ့်အိမ်ကို ပြန်ကြပါ ဆိုပြီးမှ နောက်နေ့မှ တစ်အိမ်တက်ဆင်း လိုက်ရှာပြီးဖမ်းတာ” ဟု အသက် ၅၀ အရွယ်ခန့်ရှိသည့် အဆိုပါ အမျိုးသမီးက ပြောသည်။

ဖမ်းဆီးထားသူများအနက်မှ တချို့ကို ယနေ့နံနက် ပြန်လွှတ်သည်ဟု သတင်းများ ထွက်ပေါ်နေသော် လည်း အတည်မပြုနိုင်သေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျောက်ထုံးကြီးရွာကို ငါးအိုးရွာအခြေစိုက် ခလရ(၁၂၁)၊ ရွှေကူအခြေစိုက် ခလရ(၅၆)၊ ခမရ(၆၀၂) တပ် များက စီးနင်းထားခြင်းဖြစ်ပြီး ရွာအဝင်အထွက်ကို ပိတ်ဆို့ထားသည့်အတွက် ဒေသခံများ ရွာထဲမှာ ပိတ်မိနေသည်ဟု သိရ သည်။

စစ်ကြောင်းဝင်လာစဉ် ကြောက်လန့်ပြီး ထွက်ပြေးကြသည့် ဒေသခံများလည်း ရွာအတွင်း ပြန်မဝင်နိုင်ဘဲ အချို့မှာ နီးစပ်ရာ ကျေးရွာများနှင့် စိုက်ခင်းများထဲတွင် တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာအဝင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ကသာဒေသခံ အသက် ၄၀ ကျော်ခန့်ရှိသည့် အမျိုးသမီးတစ်ဦးက ၎င်းနှင့် ခမည်းခမက်တော်စပ်သူ လင်မယား နှစ်ဦးမှာ စိုက်ခင်းများထဲတွင် တိမ်းရှောင်နေရသည်ဟု ဆိုသည်။

“အစ်မရဲ့ ခမည်းခမက်တွေလည်း ရွာထဲမှာမရှိတော့ဘူး၊ ရွာထဲဝင်မရလို့ ပြေးနေရတယ်တဲ့” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

ကျောက်ထုံးကြီးရွာဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ကျောက်ထုံးကြီးရွာမှာ အိမ်ခြေ ၁၅၀၀ ခန့်ရှိသည့် တိုက်နယ်ရွာတစ်ခုဖြစ်ပြီး ဩဂုတ် ၄ ရက်က ထိုရွာမှ စီးပွားရေးကောင်းသည့် နေအိမ်တစ်ခုကို PDF ထောက်ပံ့သည်ဟုဆိုကာ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်။

ထိုစဉ်က ၎င်းတို့ အဓိကဖမ်းဆီးလိုသူ နေအိမ်ပိုင်ရှင် ဦးစန်းအောင် လွတ်မြောက်ခဲ့ပြီး ၎င်း၏ ဇနီး၊ သမီး နှစ်ဦး၊ သားမက်တစ်ဦးနှင့် ဧည့်သည်အမျိုးသမီးတစ်ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရကာ ၎င်းတို့ကို ကသာရဲစခန်းတွင် ဆက်လက် ချုပ်နှောင်ထားသည်ဟု သိရသည်။

ကသာမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ စာရင်းများအရ ကသာမြို့ပေါ်တွင် စစ်အင်အား ၂၀၀ ခန့်၊ ကသာမြို့ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် အင်အား ၂၀၀ ခန့်နှင့် အနောက်ဘက်ခြမ်းတွင် ၂၅၀ ခန့်ရှိပြီး စုစုပေါင်း တစ်မြို့နယ်လုံးတွင် အင်အား ၆၅၀ ခန့်ထိ ရှိနေသည်။

ယနေ့မွန်းလွဲ ၁ နာရီခန့်က ကသာမြို့မှ အင်းတော်မြို့အထွက် တိုးဂိတ်အနီးရှိ စစ်ကောင်စီတပ်ကို ဒေသတွင်း PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးချ၍ တိုက်ခိုက်ခဲ့ပြီး အကျအဆုံးကိုမူ မသိရကြောင်း ဒေသခံများက ပြောသည်။ 

အဆိုပါ တိုက်ခိုက်မှုပြီးသည့်နောက် တိုးဂိတ်အနီး စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ချထားခဲ့ပြီး မြို့ပေါ်တွင် လည်း လမ်းသွားလမ်းလာများကို စစ်ဆေးခဲ့သည်ဟု သိရသည်။

ကသာမြို့မှာ ဧရာဝတီမြစ်ကြောင်းပေါ်တွင်ရှိသည့်အတွက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း  ရေလမ်းကုန်းလမ်းမှ  သွားလာနေသည့် စစ်ကောင်စီတပ်ကို အဆက်မပြတ် တိုက်ခိုက် နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles