အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရားလွှတ်တော်ချုပ် အရာရှိကြီးထံမှ ကျပ်သိန်း ၂၀,၀၀၀ ရလိုမှုဖြင့် တရားစွဲသည်ကို တိုင်းတရားလွှတ်တော် လက်မခံ

ရန်ကုန်-  ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်လည်းဖြစ်၊ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ဦးကိုကိုနိုင်ထံမှ ၎င်းဌာနမှပင် အငြိမ်းစားယူသွားသည့် အရာရှိဟောင်းကြီးတစ်ဦးက အထွေအထွေ လျော်ကြေး နစ်နာကြေး ကျပ်သိန်း ၂ဝ,ဝဝဝ ရလိုမှုဖြင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် စွဲဆိုသည့်အမှုကို တိုင်းတရားလွှတ်တော်က လက်မခံဘဲ ယနေ့ ဩဂုတ် ၃၁ ရက်တွင် ပယ်ချခဲ့သည်။

တရားလိုဖြစ်သူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အငြိမ်းစား ညွှန်ကြားရေးမှူး ဦးမြင့်ဌေးက ဦးကိုကိုနိုင် သည် ၎င်းကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြောဆိုခဲ့ခြင်းကြောင့်ဟုဆိုကာ ယမန်နေ့ (၃ဝရက်ဩဂုတ်လ) က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သက်သေအထောက်အထားများဖြင့် တင်ပြထားသည့် တရားစွဲဆိုမှုအား တိုင်းဒေသကြီးတရားလွှတ်တော် အနေဖြင့် အမှုအား စစ်ဆေးကြားနာမှု မပြုလုပ်ဘဲ ဆိုလွှာအားပြန်ပေးခြင်းသည် တရားစီရင်ရေး၌ ဖိအားများ ရှိနေသည့် ပုံစံဖြစ်နေသည်ဟု တရားလိုရှေ့နေ ဦးနေလက Myanmar Now ကို ပြောသည်။

“ခိုင်ခိုင်မာမာ အထောက်အားတွေနဲ့ တင်ပြတဲ့ကိစ္စမှာ တရားပြိုင်(ဦးကိုကိုနိုင်)ကို ဆင့်ခေါ်ခြင်းမရှိဘဲ အမှုတွဲကို ပယ်ချခြင်းက အရင်ခေတ်တွေ တုန်းကလို ဖိအားနဲ့ တရားစီရင်ရေးပုံစံ ဖြစ်နေတယ်။ ဒီဖိအားတွေက တရားလွှတ်တော် ချုပ်က လာတာဖြစ်နိုင်တယ်။ ဒါ့ပြင် တရားစွဲဆိုခြင်းခံရတဲ့ ဦးကိုကိုနိုင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အကြီးအကဲဖြစ်နေတော့ တိုင်းတရားလွှတ်တော်က လက်မခံလို့ နောက်ထပ် အဆင့်မြင့် တရားရုံးဖြစ်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို တက်ရင်ရော အကျိုးထူးပါ့မလားလို့ စဉ်းစားစရာဖြစ်လာတယ်” ဟု ဦးနေလက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button