အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်းသူမဲ့သင်္ဘောကြီးကို ဖယ်ရှားရန် အဖွဲ့ ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အနီး တွေ့ရှိရသည့် လူမဲ့သင်္ဘောကြီးကို ကိုင်တွယ်ရန် စက်တင်ဘာ ၄ တွင် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က ယနေ့ ပြောသည်။

ဦးသောင်းကြိုင်သည် မြန်မာကုန်သည်သင်္ဘောအက်ဥပဒေ (၂၇၃) အရ ပေါ်ပေါက်လာသည့် အဆိုပါ ရေယာဉ်ပျက်ထိန်းသိမ်းရေးအဖွဲ့တွင် ဥက္ကဋ္ဌတာဝန် ယူထားသည်။

“ဒီအဖွဲ့က ရေယာဉ်ပျက်ကို ထိန်းသိမ်းပြီးတော့ နိုင်ငံတော်ကိုယ်စား ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုအဖွဲ့က Sam Ratulangi အမည်ရ ကုန်တင်သင်္ဘောကြီးကို မြန်မာရေပိုင်နက်မှ ဖယ်ရှားမည်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အင်ဒိုနီးရှားနိုင်ငံအလံ လွှင့်ထူထားပြီး လူမပါ၊ ကုန်မပါသည့် သင်္ဘောကြီးတစ်စီး ရုတ်တရက် တွေ့ရသည် ဟူသော ဖြစ်ရပ်သည် ပြီးခဲ့သည့်လကုန်ပိုင်းက ထူးဆန်းသည့် ထိပ်တန်းသတင်းဖြစ်ခဲ့သည်။

ရက်ပိုင်းအတွင်းမှာပင် အာဏာပိုင်တို့က အဆိုပါ သင်္ဘောနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရာ ၎င်းကို ဘင်္ဂလားဒေ့ရှ်ရှိ သင်္ဘောဖျက်စက်ရုံသို့ ပို့ဆောင်ရန် အခြားရေယာဉ်တစ်စီးဖြင့် ဆွဲခေါ်လာရာမှ သောင်တင်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွဲဆွဲရေယာဉ်ပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား ဝန်ထမ်း ၁၃ ဦး ပါဝင်သည်။ ရေယာဉ်ကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီး ကျောက်ချ ရပ်နားထားကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပြီး ဝန်ထမ်းများကို စစ်ဆေး မေးမြန်းနေသည်ဟု ဆိုသည်။

ရေကြောင်း ညွှန်ချုပ်က သောင်တင်သင်္ဘောပျက်ကြောင့် ဒေသခံတို့၏ ငါးဖမ်းပိုက်များပျက်စီးနိုင်ကြောင်း၊ သင်္ဘောကို ဖယ်ရှားရေး အစီအစဉ်အတွက် ရေယာဉ်၏ အာမခံကုမ္ပဏီများနှင့် ဆောင်ရွက်နေသည်ဟု ရှင်းပြသည်။

မနက်ဖြန်တွင် သက်ဆိုင်ရာ အာမခံကုမ္ပဏီဝန်ထမ်းတို့ မြန်မာနိုင်ငံသို့ လာရောက်ပြီး တိုင်းတာစစ်ဆေးမည်၊ ရေယာဉ်ဖယ်ရှားမည့် နည်းလမ်းအစီအစဉ်များကို အာမခံကုမ္ပဏီသို့ တင်ပြမည်ဟု သိရသည်။

သင်္ဘောပျက် ကျန်ရှိနေခဲ့ခြင်းကို အကြောင်းကြားရန် ပျက်ကွက်ခဲ့သဖြင့် တွဲဆွဲရေယာဉ်မှ တာဝန်ရှိသူကို အရေးယူမည် ဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိမှု အကြောင်းအရာအချက်အလက်များကို ရှေ့နေရုံးချုပ်သို့ တင်ပြပြီး သဘောထားမှတ်ချက် ရယူမည် ဖြစ်ကြောင်း ရေယာဉ်ပျက်ထိန်းသိမ်းရေးအဖွဲ့က ဆိုသည်။

ရေယာဉ်ပျက်ထိန်းသိမ်းရေးအဖွဲ့တွင် ရေကြောင်းပို့ဆောင်ရေး ဒုညွှန်ချုပ် ဦးရဲမြင့် (နည်းပညာ)၊ ညွှန်မှူး ဦးကိုကိုနိုင် (ရေကြောင်းအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနခွဲ)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရေကြောင်းပြမှူး ဦအောင်ကျော်ထူး၊ ညွှန်မှူး ဦးစိုင်းမျိုးတင့်တို့ ပါဝင်သည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button