အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေတိဂုံအနီး ငုံးဥပြုတ်ရောင်းချ၍ မောင်းထုတ်ခံရဖူးသူ ကိုယ့်ကိုယ်ကိုယ်သတ်သေ

ပြီးခဲ့သည့်နှစ် သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံဘုရားအနီး ငုံးဥပြုတ်ရောင်းချစဉ် အစ္စလာမ်ဘာသာဝင်ဖြစ်သောကြောင့်ဟုဆိုကာ မောင်းထုတ်ခံရပြီးနောက် လူသိများလာခဲ့သည့် ဦးအောင်သန်းသည် ရန်ကုန် သုဝဏ္ဏရှိ သူ၏ နေအိမ်တွင် စက်တင်ဘာ ၁၆ ရက်နေ့က ကြိုးဆွဲချ သေဆုံးသွားခဲ့သည်ဟု မိသားစုက ပြောသည်။

မာမူကြီးဟုလည်း ခေါ်ကြသည့် ဦးအောင်သန်း၏ အသက်မဲ့ခန္ဓာကို သူ၏အစ်ကို ဦးမောင်မောင်စိုးက ည ၇ နာရီကျော်ခန့်တွင် စတင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဦးအောင်သန်းသည် ပန်းနာရင်ကျပ်ဝေဒနာကို ကာလရှည်ရင်ဆိုင်ခဲ့ရသူဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“ဝေဒနာကို မခံစားနိုင်တော့လို့ သူဒီလိုလုပ်သွားတယ်လို့ပဲ ယူဆတယ်” ဟု သူ၏ အစ်ကိုက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မသေဆုံးမီ ရက်အနည်းငယ်ခန့်က ၎င်း၏ ဇနီးနှင့် သားသမီးများ နေထိုင်ရာ တောင်ငူမြို့သို့ သွားရောက်ခဲ့သေးသည်ဟု အိမ်နီးချင်းတစ်ဦးဖြစ်သူ မချောစုက ပြောသည်။

“သူ့ဆေးဖိုးအတွက်ဆိုပြီး ပိုက်ဆံလာချေးတယ်။ သူ့ကြည့်ရတာတော့ ကျန်းမာရေးသိပ်မကောင်းတဲ့ပုံပဲ။ စိတ်လည်း ညစ်နေပုံရတယ် ” ဟု မချောစုက ပြောသည်။

ဆေးဖိုးမှာ တစ်ရက်လျှင် ၇,၅ဝဝ ကုန်ကျကြောင်း ဦးအောင်သန်းက ပြောဆိုဖူးသည်ဟု မချောစုက ဆိုသည်။

ဈေးရောင်းစဉ် မောင်းထုတ်ခံရအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတချို့ နှင့် အခြားသူများက ငွေကြေးထောက်ပံ့ခဲ့ကြောင်း၊ ထောက်ပံ့ငွေကို အိမ်ငှားခြင်းနှင့် ဆေးကုသမှုခံယူခြင်းအတွက် သုံးခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

သေဆုံးမှုဖြစ်စဉ်ကို သွေးရိုးသားရိုးသေဆုံးမှုအဖြစ် သုဝဏ္ဏနယ်မြေ ရဲတပ်ဖွဲ့က သတ်မှတ်ပြီး သေမှုသေခင်းအမှတ် ၁၅/ ၂ဝ၁၈ ဖြင့် အမှုဖွင့်ထားသည်။

“ စိတ်ခံစားချက်အနည်းငယ်နဲ့ သူခံစားရတဲ့ရောဂါတွေကြောင့် အခုလိုဖြစ်သွားရတယ်လို့ မိသားစုဝင်တချို့နဲ့ အိမ်နီးနားချင်းတွေကို စစ်ဆေးချက်အရ သိရတယ် ” ဟု သုဝဏ္ဏရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းမောင်က ပြောသည်။

သူသည် ပြီးခဲ့သည့်နှစ် သီတင်းကျွတ်လပြည့်နေ့၌ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် ငုံးဥပြုတ်ရောင်းနေစဉ် အစ္စလာမ်တစ်ဦးဖြစ်သောကြောင့် ဘုရားအနီး ဈေးရောင်းခွင့်မရှိဟုဆိုကာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂဟု အမည်ခံထားသူများက နှင်ထုတ်ခဲ့သည်။

သူ့ကို နှင်ထုတ်ခဲ့သည့် ရုပ်သံဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီအပါအဝင် သူ့ကို စာနာသူများက အလှူငွေပေးအပ်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button