အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော်ထိပ်ပိုင်းအရာရှိများအား နိုင်ငံတကာရာဇဝတ်မှုခုံရုံး တင်ရန် တောင်းဆိုသူ ဖမ်းဆီးခံရ

(ရန်ကုန်) – မြန်မာ့တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအား နိုင်ငံတကာရာဇဝတ်မှုခုံရုံး ( ICC ) တင်ပို့စစ်ဆေးရန် ရန်ကုန်မြို့လယ်တွင် ယနေ့ နေ့လယ်တွင် တောင်းဆိုခဲ့သူအား ကျောက်တံတားရဲစခန်းက အလျင်အမြန်ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။

ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (M.D.C.F) အဖွဲ့မှ ဦးတင်မောင်ကြည်သည် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြရန် ကြိုးစားနေစဉ် ရဲ ၂၀ ခန့်က ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် သူ့အား ကျောက်တံတားရဲစခန်းတွင် ထိန်းသိမ်းထားပြီး ရဲစခန်းအဝင်အထွက်ဂိတ်များအား ရဲက လုံခြုံရေးတိုးမြှင့်လိုက်သည်။

ဦးတင်မောင်ကြည်အား ထောက်ခံသူများကလည်း ရဲစခန်းရှေ့တွင် စုဝေးနေကြပြီး အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် တွေ့ခွင့်ရရန် တောင်းဆိုနေသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button