အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကမ္ဘာ့တရားရုံးရှေ့မှောက် မြန်မာစစ်ဗိုလ်ချုပ်များ၏ ငြင်းဆိုခြင်း အတတ်ပညာ

စစ်ကော်မရှင်သည် ICJ တရားရင်ဆိုင်မှု ရှုံးနိမ့်ပါက နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုအမှုဖြင့်ပင် ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခံရပြီး ကြီးစွာအကျိုးသက်ရောက်လိမ့်မည် ဖြစ်သည်။ ICJ တွင် လတ်တလောရင်ဆိုင်နေရချိန် ပြည်တွင်း၌ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပလျက်ရှိပြီး စစ်ကော်မရှင်က ရွေးကောက်ခံအစိုးရအသွင် ပြောင်းလဲရန် ကြိုးစားနေသည်။ ထို့ကြောင့် ထိုရွေးကောက်ပွဲကို မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်နေသော အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီး (အာဆီယံ) က အသိအမှတ်ပြုလက်ခံမည် မဟုတ်ကြောင်း မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏အာဏာတည်မြဲရေးနှင့် တရားဝင်ရေးအတွက် ရုရှားနှင့် တရုတ်နိုင်ငံကဲ့သို့ အင်အားကြီးနိုင်ငံကြီးများ၏ အကာအကွယ်ပေးမှုကို အလွန်အမင်းလိုအပ်နေခြင်း ဖြစ်သည်။ အကယ်၍ ICJ က ချမှတ်လိုက်သော စီရင်ချက်ကို မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရန် ငြင်းဆန်လျှင်၊ ထိုအမှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ ရောက်ရှိသွားနိုင်ပြီး၊ လုံခြုံရေးကောင်စီ၏ အရေးယူမှုကို ဗီတိုအာဏာသုံးပိုင်ခွင့်ရှိသော အမြဲတမ်းအဖွဲ့ဝင် ရုရှားနှင့် တရုတ်နိုင်ငံတို့၏ အကာအကွယ်ပေးမှုရရှိရန် အရေးကြီးပါသည်။ ထိုနှစ်နိုင်ငံ၏ အကျိုးစီးပွားများကို မြန်မာနိုင်ငံထဲတွင် လွတ်လပ်စွာ တိုးချဲ့ခွင့်ပေးခြင်းဖြင့် မင်းအောင်လှိုင်က တိုင်းပြည်၏ အချုပ်အခြာအာဏာ လွတ်လပ်မှုနှင့် အပေးအယူလုပ်ထားသည်မှာ သေချာပါကြောင်း ‘သုတဇော်’ ၏ လေ့လာသုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button