အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ရန်ကုန်တိုင်းအစိုးရက အမှုဖွင့်ထားသည့် Elevenသတင်းထောက်များ ရဲစခန်းသို့ရောက်ရှိ

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က အမှုဖွင့်ထားသည့် Eleven ဂျာနယ်မှ သတင်းထောက်နှင့် အယ်ဒီတာများသည် ယနေ့နံနက် ၁၀နာရီခန့်တွင် ရန်ကုန် တာမွေရဲစခန်းသို့ ရောက်ရှိလာခဲ့သည်။

Eleven ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဦးနရီမင်းနှင့် အကြီးတန်းအယ်ဒီတာ ကိုဖြိုးဝေတို့ သုံးဦးအား ဖမ်းဆီးရန် ရဲက ယမန်နေ့ညပိုင်းကတည်းက ကြိုးစားနေခြင်း ဖြစ်သည်။

ကနဦးသတင်းများအရ ၎င်းတို့သည် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်သုံးစွဲမှုများအကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာအပေါ် ဝေဖန်ရေးသားခြင်းကြောင့် အမှုဖွင့်ခံရခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက်များက ခန့်မှန်းနေကြသည်။

Related Articles

Back to top button