အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

FDA ညွှန်ချုပ်ဟောင်းကို လာဘ်စားမှုဖြင့် စွဲချက်တင်မတင် မတ်လ ၁ ရက်တွင် ဆုံးဖြတ်မည်

ကျပ်သိန်း ထောင်ချီ လာဘ်စားကြောင်း စွပ်စွဲခံနေရသည့် FDA ညွှန်ချုပ်ဟောင်း ဒေါက်တာသန်းထွဋ်အား စွဲချက်တင်သင့် မတင်သင့် မတ်လ ရက်နေ့တွင် မန္တလေးတိုင်းတရားရုံးက အမိန့်ချမည်ဖြစ်သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဟောင်းသည် သူ၏လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုနေကြောင်း တိုင်ကြားခံခဲ့ရပြီးနောက် ပြီးခဲ့သည့်နှစ် ဧပြီလကတည်းက ဖမ်းဆီးခံထားရပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

ညွှန်ချုပ်ဟောင်းသည် ၂၀၁၇ ခုနှစ်အတွက ၎င်းပိုင်ဆိုင်သည့်မြေကွက်များပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ခြင်းအပါအဝင် ကျပ်သိန်း ၁၅၀၀ ကျော်ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီထံမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်  – နေပြည်တော်အမြန်လမ်းပေါ်တွင် FDA ငါးကြီးကို ဖမ်းမိခြင်း

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button