အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စည်ပင်ရွေးကောက်ပွဲ မသမာမှုရှိလျှင် ထောင်ချရန် ရန်ကုန်အမတ်များ လိုလား

ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် မသမာမှုပြုလုပ်သူများအား ထောင်ဒဏ်(၁)နှစ် နှင့် ငွေဒဏ် (၁)သိန်း အထိ ချမှတ်နိုင်သည့် ပြဋ္ဌာန်းချက်ကို ပင်မဥပဒေထဲတွင် ထည့်သွင်းရန် ရန်ကုန်လွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်တွင် ယနေ့တိုက်တွန်းလိုက်သည်။

ထိုပြစ်ဒဏ်ကို နည်းဥပဒေတွင် ထည့်သွင်းရန် တိုင်းအစိုးရ၏ အဆိုပြုထားချက်နှင့် မကိုက်ညီသော တိုက်တွန်းချက်ဖြစ်သည်။

နည်းဥပဒေတွင် ထည့်သွင်းပါက ထိရောက်ဖွယ်မရှိကြောင်း ဥပဒေကြမ်းကော်မတီဝင် ဦးနေနိုင်ဦးက Myanmar Now ကို ပြောသည်။

“နည်းဥပဒေက ပင်မဥပဒေကို ကျော်လို့မရဘူး။ ရွေးကောက်ပွဲရှိလာရင် မသမာမှုဆိုတာ ဖြစ်ပေါ်လာနိုင်တယ်။ အဲဒီမသမာမှု ဖြစ်လာရင် ပြစ်မှုပြစ်ဒဏ်ဆိုတာ ထည့်ရမယ်။ အဲ့ဒီအတွက် ပင်မဥပဒေထဲမှာတင် ပြစ်မှုပြစ်ဒဏ်ကို ထည့်သွင်းသင့်ကြောင်း ကျွန်တော်က ပြောခဲ့တာ” ဟု တွံတေးမဲဆန္ဒနယ် အမှတ် ၂ မှ ဦးနေနိုင်ဦးက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သင်္ဃန်းကျွန်းမဲဆန္ဒနယ် အမှတ် ၁ မှ ဦးနေမျိုးကျော်(ခ) နေဘုန်းလတ်က အနာဂတ်ရွေးကောက်ပွဲမသမာမှုများကို ကာကွယ်ရန်အတွက် လွှတ်တော်အမတ်များက ကြိုးစားနေကြခြင်း ဖြစ်ကြောင်း ပြောသည်။

“ရွေးကောက်ပွဲကျင်းပတဲ့အခါ နှောင့်ယှက်တာပဲဖြစ်ဖြစ်၊ တရားမဲ့ပြုကျင့်တာပဲဖြစ်ဖြစ် ပင်မဥပဒေထဲ မပါတဲ့အခါမှာ နည်းဥပဒေတစ်ခုတည်းနဲ့ အရေးယူလို့မရဘူး။ ဒါ့ကြောင့် ပင်မဥပဒေထဲမှာကို ပါသင့်တာကို ဖြည့်စွက်ခဲ့တာ။ နည်းဥပဒေထဲမှာ ပြစ်မှုပြစ်ဒဏ်တွေ ထည့်သွင်းရုံနဲ့ မလုံလောက်ဘူး” ဟု ၎င်းက ပြောသည်။

မကြာသေးမီကမှ ၂ဝ၁၃ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ဖျက်သိမ်းကာ အသစ်ပြဋ္ဌာန်းအတည်ပြုပြီးပြီ ဆိုသော်လည်း ဥပဒေပါ အချက်တချို့ကို ပြန်လည်ပြင်ဆင်ရန် လိုအပ်နေသေးကြောင်း သူက ဆိုသည်။

“ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအသစ်ကလည်း ကျွန်တော်တို့ကိုယ်တိုင် ခပ်မြန်မြန်လုပ်လိုက်ရတဲ့ သဘောမျိုးရှိတယ်။ ပြင်စရာတွေ ကျန်နေသေးတယ်။ ပြဋ္ဌာန်းတာမှ မကြာသေးဘူး။

ပြန်ပြင်ပြီလားလို့ ပြောကြတာပေါ့။ အခု ပြင်လိုက်တယ်ဆိုတဲ့ အချက်တွေကလည်း ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ စည်ပင်သာယာရေးကော်မတီထဲ မြန်မြန်ရောက်ဖို့ ရွေးကောက်ပွဲမြန်မြန်လုပ်နိုင်ဖို့ အရင်ဆုံး လုပ်ရတဲ့သဘောမျိုးဖြစ်တယ်” ဟု သူက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles