အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်ဘက်ကတရားစွဲခဲ့သည့် ကချင်တက်ကြွလှုပ်ရှားသူများ ထောင်ဒဏ် ၆ လနှင့် ငွေ ၅သိန်း အပြစ်ပေးခံရ

(ရန်ကုန်) – တိုက်ပွဲများအတွင်း ပိတ်မိနေသူများ လွတ်မြောက်ရေးအတွက် ပြီးခဲ့သည့် မေလအတွင်းက မြစ်ကြီးနားမြို့တွင် ဆန္ဒပြခဲ့ကြသော လူငယ် သုံးဦးကို တပ်မတော်အား အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် မြစ်ကြီးနားမြို့နယ် တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် ၅ သိန်းချမှတ်ခဲ့သည်။

ကိုလွမ်းဇောင်း၊ ကိုဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့သည် ကချင်ပြည်နယ်အတွင်းမှ စစ်ပြေးဒုက္ခသည်များအကြောင်း ဟောပြောရာတွင် တပ်မတော်ကို ထိခိုက်နစ်နာစေခဲ့သည်ဟုဆိုကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားခံများ၏ ရှေ့နေများက တရားရုံး၏ ဆုံးဖြတ်ချက်သည် မမျှတဟု ဝေဖန်ကြသည်။

“အမှုက လွတ်ရမဲ့အမှုပါ။ အပြစ်မရှိဘူးလို့ ခံစားရတဲ့အမှုက ထောင်ကျသွားတော့ ကျွန်မတို့က ဘယ်ကျေနပ်မလဲ ” ဟု ဒေါ်နန်ပူ၏ ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းတို့ သုံးဦးအား အမိန့်ချပြီးနောက် တရားရုံးဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ခဲ့သူများ မြစ်ကြီးနားမြို့နယ်တရားရုံးမှ မနောကွင်းအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သည့် မဆွတ်ဆိုင်းထွယ်က တရားရုံး၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏ တိုက်ပွဲအတွင်း ပိတ်မိသူများကို လူသားချင်းစာနာထောက်ထားမှုအရ အကူအညီပေးရေးလုပ်ငန်းနှင့် မတရားမှုများအတွက် ဝေဖန်မှုများကို ရပ်တန့်နိုင်မည်မဟုတ်ဟု ဆိုသည်။

“စိတ်မပျက်ဘူး ရှေ့ဆက်ပြီး ဝေဖန်သင့်ရင်လည်း ဆက်ဝေဖန်ရမှာပဲ ” ဟု ၎င်းကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button