အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မြို့ပြင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF နှစ်ဖွဲ့ ဝင်တိုက်

ရန်ကုန်မြို့အရှေ့ဘက် မိုင် ၄၀ ခန့်အကွာရှိ ခရမ်းမြို့နယ်၊ ဇွဲတွန်ရွာအနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယမန်နေ့ (ဧပြီ ၁၃) နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ပြောသည်။

နံနက် ၁၁ နာရီခန့်တွင် ခရမ်းမြို့မြောက်ဘက် ၆ မိုင်ခန့်အကွာ သန်လျင်-ပဲခူးကားလမ်းမပေါ်ရှိ ထိုစစ်ဆေးရေးဂိတ်ကို ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေး (PDF) တပ်ရင်း (၁) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အင်အားအသာဖြင့် နှစ်ဖက်ညှပ်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးသွားသည်ဟု ခရမ်း PDF အဖွဲ့ခေါင်းဆောင် ကိုမီးပွားက ပြောသည်။ 

“ကျွန်တော်တို့ကတော့ ပြောက်ကျားထိုးစစ်သဘောပဲ၊ စခန်းတစ်ခုကို ပြောက်ကျားဝင်တိုက်မယ်၊ ပြီးရင် ပြန်ဆုတ်မယ်။ သိမ်းဖို့ဘာညာမရှိဘူး၊ သိမ်းလိုက်ရင် ထိန်းဖို့အခက်အခဲတွေရှိတာကို။ နောက်ပိုင်းအခြေအနေတွေ ပေးလာရင် စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်ရမှာပေါ့” ဟု သူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မိနစ် ၄၀ နီးပါး ကြာမြင့်ခဲ့ပြီး စစ်သားများ အခိုင်အမာအကာကွယ်ယူထားသည့် ဘန်ကာအနီးထိ ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ကြောင်း၊ လက်နက်ချရန် တိုက်တွန်းခဲ့သော်လည်း စစ်သားများက ဆက်လက်ပစ်ခတ်ခဲ့သောကြောင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။

“ဒီကောင်တွေ ၄ ၊ ၅ ယောက်လောက် ကျပြီးတဲ့အချိန်မှာ (ကျွန်တော်တို့ဘက်က) လှမ်းပြောတယ်။ မင်းတို့ လက်နက်ချ၊ လက်နက်ချရင် ဘာမှမဖြစ်ဘူးပြောတာကို ဆက်ပစ်လို့ အဆုံးသတ်ပေးရတာ” ဟု အထက်ပါ အဖွဲ့ခေါင်းဆောင်က ပြောသည်။

လူမှုကွန်ရက်တွင် ပြန့်နှံ့လာသည့် ရုပ်သံဖိုင်များတွင် ထွက်ပြေးနေသည့် စစ်သားများကို ပစ်ခတ်ရန် အော်ဟစ်နေသည်ကို တွေ့ရသလို စစ်သားများကို လက်နက်ချရန် PDF များက အော်ဟစ်ပြောဆိုနေသည်ကို တွေ့ရသည်။

“အကျအဆုံးက ဆယ်ယောက်ကျော်နိုင်တယ်။ လေးငါးယောက်လောက် မှောက်နေပြီ။ ကျွန်တော်တို့က အထဲထိ ဝင်တော့မှာ၊ ဘန်ကာနားထိ ရောက်နေပြီ။ သက္ကလ၊ ပဲခူးဘက်ကနေ စစ်ကူတွေတက်လာလို့ ကျွန်တော်တို့ နောက်ဆုတ်လိုက်တာ။ အထဲမှာလည်း သုံးယောက်ပဲ ကျန်တာ တွေ့တယ်၊ အခြားလူတွေ ပြေးကုန်ပြီ” ဟု  သူက ဆက်ပြောသည်။

စစ်သား ၃၀ နီးပါး တပ်စွဲထားသည့်နေရာ တိုက်ခိုက်ခံရသော်လည်း စစ်ကောင်စီစစ်ကူများ ချက်ချင်းရောက်လာခြင်း မရှိဘဲ တိုက်ပွဲချိန် တစ်နာရီနီးပါးကြာမှ ပဲခူးဘက်မှ စစ်ကူများထွက်လာကြောင်း၊ စစ်ကူများကြောင့် စခန်းသိမ်းယူနိုင်ခြင်း မရှိခဲ့ဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဘေးကင်းစွာ ပြန်ဆုတ်ခဲ့ကြောင်း ဆိုသည်။

သက္ကလမြို့ဘက်မှ စစ်ကူလာသော စစ်ကားများကို PDF တပ်ဖွဲ့ ၂ ဖွဲ့က ကြားဖြတ်မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

စစ်ကူလာသည့် စစ်ကားများသည် လမ်းတစ်လျှောက်ကျေးရွာများကို အကြောင်းမဲ့ပစ်ခတ်ခဲ့သောကြောင့် နေအိမ်အချို့ကို ထိမှန်ခဲ့ကြောင်း ခရမ်းမြို့နယ်တွင်းသတင်းများကို စုစည်းဖော်ပြသည့် Khayan Channel အမည်ရှိ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

PDF များအနေဖြင့် တိုက်ပွဲတိုက်ပြီးပါက နောက်ထပ်တစ်ကြိမ် စစ်တိုက်ရန် ခဲယမ်းများဖြည့်တင်းရေး ရုန်းကန်နေရသောကြောင့် စိတ်တိုင်းကျ တိုက်ပွဲဖော်ခွင့်မရသေးကြောင်း ကိုမီးပွားက ပြောသည်။ 

“ဒီတစ်ပွဲအတွက် သုံးလိုက်တဲ့ ခဲယမ်းတွေ၊ ငွေက ရှာလို့ရပေမဲ့ ပစ္စည်းတွေက ဒီကို ပြန်ရောက်လာဖို့ မလွယ်ဘူး။ တစ်ပွဲကစားပြီးရင် တစ်ပွဲအတွက် ပြန်ပြန်ဖြည့်နေရတယ်။ ပွဲတွေ ဆက်တိုက်ကစားနိုင်ဖို့ ပြည့်နေမယ်ဆိုရင် တော်လှန်ရေးအောင်ဖို့ နီးနေပြီ၊ အဲဒါက အခက်အခဲပဲ” ဟု ကိုမီးပွားက ပြောသည်။ 

ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်ရန် PDF က ကြေညာပြီးနောက်ပိုင်း မြို့ပေါ်ရပ်ကွက်အားလုံးမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအများအပြား ထွက်စာတင်ခဲ့ကြသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles