ရုပ်သံ

ကလေးတောင်ပိုင်းတွင် လေးရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ ရွာသုံးရွာမီးရှို့ခံရ

စစ်ကိုင်းတိုင်းအနောက်ခြမ်း ချင်းပြည်နယ်အစပ်ရှိ ကလေးမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသောကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် လေးရက်ဆက်တိုက်ပွဲဖြစ်နေပြီး ကျေးရွာသုံးရွာကို စစ်တပ်က မီးရှို့ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ ကျေးရွာများကို စစ်ကောင်စီက အင်အား ၃၀၀ နီးပါးဖြင့် မတ် ၁၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လူသူလက်နက်အင်အား မမျှသောကြောင့် တိုက်မိုင်းဆွဲမိုင်းများဖြင့် ခုခံနေရကြောင်း ဒေသခံ PDF အဖွဲ့များက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/-_kKJLGJg68]

Show More

Related Articles

Back to top button