အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သာယာဝတီစခန်းမှူးနှင့် ရဲတပ်ဖွဲ့တချို့ကို အဂတိလိုက်စားမှုဖြင့် တိုင်ကြားထား

(ရန်ကုန်) – ကျွဲခိုးမှုသံသယတရားခံတစ်ဦးကို ညလုံးပေါက် လက်ထိတ်ခတ်ထားပြီး ဇနီးက ပိုက်ဆံပေးမှ လက်ထိတ်ပြန်ဖြုတ်ပေးခဲ့သည်ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် မြို့မ ရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်တချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ စွပ်စွဲခံထားရသူ၏ ဇနီးဖြစ်သူက ဩဂုတ်လအတွင်းက တိုင်ကြားထားသည်။

လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု၊ ချမ်းမြေ့သာယာကျေးရွာနေ အသက် ၃၇ နှစ်အရွယ် ကိုသန်းဇော်ကို သာယာဝတီမြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးက ဇွန်လိုင်လ ၂၆ ရက်နေ့ကတည်းက ကျွဲခိုးမှု သံသယဖြင့် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇူလိုင် ၃၀ ရက်နေ့တွင် တစ်ညလုံး လက်နောက်ပြန်ထားကာ လက်ထိတ်ခတ်ထားသဖြင့် နောက်တစ်နေ့ မနက်ပိုင်းတွင် ကိုသန်းဇော်၏ ဇနီးက ငွေကျပ် ၅၀,၀၀၀ ပေးမှ လက်ထိတ်ကို ဖြုတ်ပေးခဲ့ကြောင်း၊ ၎င်းတို့၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

“အခုအမှုက ရဲစခန်းမှာ ခိုးမှု ပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ထားတာ။ တကယ်တမ်းပြောရရင် သုံးနှစ်သားရှိတဲ့ ကျွဲတစ်ကောင်နဲ့ ပတ်သက်ပြီး အငြင်းပွားနေတဲ့ဟာ။ အာမခံလည်း မပေးဘူး။ ရဲစခန်းမှာ ချုပ်ထားတုန်းက တညလုံး လက်ထိတ်ခတ် ထားတာ။ ဇူလိုင် ၃၁ ရက်နေ့ မနက်ကျွန်မ စခန်းရောက်မှ သိတော့ ကျပ် ၅၀,၀၀၀ ကို စခန်းမှူးလက်ထဲကို ထည့်ပေးလိုက်မှ သူ့တပည့်ရဲမေတစ်ယောက်က လက်ထိတ်ဖြုတ်ပေးတယ်။ အဲ့ဒီလို အဂတိလိုက်စားမှုတွေအတွက် သက်ဆိုင်တဲ့ သူတွေကို အဂတိကော်မရှင်ကို တိုင်ထားတာ”ဟု ကိုသန်းဇော်၏ ဇနီးဖြစ်သူ မဇင်မာက ပြောသည်။

ကိုသန်းဇော်သည် ယခု သာယာဝတီထောင်တွင် အချုပ်သားအဖြစ် နေနေရသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အပြင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာနများထံသို့ ဩဂုတ်လ ၁၀ ရက်ကတစ်ကြိမ်၊ ၁၅ ရက်က တစ်ကြိမ် တိုင်ကြားစာ နှစ်ကြိမ်တိတိ ပို့ထားပြီးဖြစ်ကြောင်း ၎င်း၏ဇနီးက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့အပြင် တိုင်ကြားစာနှင့်ပတ်သက်ပြီး မိမိကို မြို့နယ်ရဲတပ်ဖွဲ့မှူးအဆင့်ရှိသူများအဖွဲ့က လာရောက်စစ်မေးခဲ့ပြီး မည်သည့်တိုင်ကြားစာနှင့် ပတ်သက်၍ လာရောက်စစ်မေးခဲ့သည်ကိုတော့ အတိအကျ မပြောနိုင်ကြောင်း ၎င်းက ဆိုသည်။

ထိုတိုင်ကြားစာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ ဆွေးနွေးပြီး ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်လက်စုံစမ်းစစ်ဆေးရန် လွှဲပြောင်းထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က Myanmar Nowကို  ပြောသည်။

“အထူးသဖြင့် ဝန်ထမ်းရေးရာတွေနဲ့ ပတ်သက်လာရင် တချို့တိုင်စာတွေက ငွေကျပ်သောင်းဂဏန်းလောက်နဲ့ ဖြစ်ပျက်ကြတာဆိုတော့ ဒီဟာကို ကိုင်တွယ်ပြန်ရင်လည်း ဝန်ထမ်းတွေအပိုင်းမှာ နစ်နာမှုရှိမလားဆိုတာလည်း ပြန်သုံးသပ် ရပါတယ်။ အခုအမှုက ကော်မရှင်မှာ တိုင်ပင်ပြီးသားပါ။ ဒီကိစ္စက ပြည်ထဲရေးက အဓိက ကိုင်တွယ်သင့်တဲ့ဟာမို့ ပြည်ထဲရေးကို လွှဲထားလိုက်တဲ့အမှုပါ” ဟု ၎င်းကဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သာယာဝတီမြို့နယ် မြို့မရဲစခန်း စခန်းမှူး ဦးလှသိန်းကို ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles