ရုပ်သံ

ဒီးမော့ဆို၊ ဆီးလီဒုံးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဆီးလီဒုံးကျေးရွာအနီးကို မတ်လ ၃ရက်နေ့ မနက် ၅ နာရီခန့်ကစတင်ပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ပြီး စစ်ကြောင်းသုံးကြောင်းနှင့် ထိုးစစ်ဆင်နေကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက Myanmar Nowကို ပြောပါသည်။

စစ်ကောင်စီက အင်အားသုံးပြီး ထိုးစစ်ဆင်နေသည့် ဆီးလီဒုံးရွာကို ပြီးခဲ့သည့် ဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၃ဦး ပွဲချင်းပြီးသေဆုံးကာ ၅ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ယခုတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/f1vR9M-qFwA]

Related Articles

Back to top button