အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကရင်နီတော်လှန်ရေးတပ်အများစု အခြေစိုက်တဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ် ထိုးစစ်ဆင်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်တွေကို သြဂုတ်လလယ်ပိုင်းမှာ ပြန်ထိန်းချုပ်နိုင်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတယ်လို့ ကရင်နီတော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ဒီးမော့ဆို-တောင်ငူ ကားလမ်းအတိုင်း စစ်တပ်ဘက်က စစ်ကြောင်း ထိုးလာတဲ့အပြင် ဒီးမော့ဆိုမြို့တောင်ဘက် ဖရူဆိုမြို့ဘက်ကို ဦးတည် ပြီးတော့လည်း စစ်ကြောင်းထိုးနေတာကြောင့် အဲ့ဒီနေရာ နှစ်ခုလုံးမှာ တိုက်ပွဲတွေရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ပြောပါတယ်။ 

စစ်တပ်ထိုးစစ်မှာ အင်အားထောင်ဂဏန်းပါပြီး သံချပ်ကာယာဉ်တွေပါ သုံးလာတယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။ 

စောရယ်၊ မြတ်ကြီး/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles