အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တန့်ဆည်မြို့သား၂ ဦး သတ်ဖြတ်၊ အလောင်းဖျောက်ခံရဟု ဒေသခံတို့ပြော

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဝင်ရောက်စီးနင်းနေသည့် စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သတ်ဖြတ်အလောင်းဖျောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်သား ၁၀၀ ခန့်က ကံကလေးကုန်းရွာကို ဖေဖော်ဝါရီ ၂၁ တွင်  စီးနင်းစဉ် ၄၃ နှစ်အရွယ်  ဦးစိုးမိုးဆိုသူကို ဖမ်းဆီးကာ ၅ မိုင်ခန့်အကွာရှိ သပြေအင်းရွာသို့ ခေါ်သွားခဲ့သည်၊ ဖေဖော်ဝါရီ ၂၄ စစ်တပ်ပြန်ထွက်သွားသည့်နေ့တွင် ကြိုးတုပ်ထားသော သူ၏ ရုပ်အလောင်းကို သပြေအင်းရွာအနီး ချောင်းဦးလမ်းခွဲဘေးတွင် တွေ့ရသည်ဟု ဆိုသည်။

စစ်သားများ ဖမ်းဆီးသတ်ဖြတ်သည့် အကြောင်းရင်းကို မသိရဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“မိသားစုဝင်တွေ၊ ဆွေမျိုးတွေ အဆင်ပြေရဲ့လားဆိုတာ ဆိုင်ကယ်နဲ့ စီးဝင်လာတာ။ စစ်ကြောင်းနဲ့တိုးပြီး ကြိုးတုပ်ပြီး ဖမ်းသွားတာ” ဟု အဆိုပါ ဒေသခံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သုံးရက်တိတိ နှိပ်စက်ခဲ့တဲ့ သဘောရှိတယ်။ ဒဏ်ရာဒဏ်ချက်ကတော့ တော်တော်များတယ်”  

အလားတူ တန့်ဆည်မြို့နယ်မြောက်ဘက် ချောင်းဆုံ(တောင်) ရွာမှ အသက် ၄၀ ကျော်အရွယ် ဦးနေဝင်းထွန်းကိုလည်း ဖေဖော်ဝါရီ ၂၅ တွင် စစ်တပ်က ပစ်သတ်ပြီး နေအိမ်ထဲ ထည့်ကာ မီးရှို့အလောင်းဖျောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

နယ်နိမိတ်ချင်းဆက်စပ်နေသည့် ကန့်ဘလူမြို့နယ်မှ ဝင်လာသည့် နောက်ထပ်စစ်ကြောင်းတစ်ခုသည်လည်း ကင်းတပ်ဆည်အနီးရှိ ကျေးရွာများဖြစ်သည့် ကမ်းဖြူ၊ ဝက်တိုး၊ သာခေါင်ကြီး ကျေးရွာတို့တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစ၍ ဝင်ရောက်စီးနင်းနေကြောင်း တန့်ဆည်မြို့ဒေသခံများထံမှ သိရသည်။ 

“အဲဒီရွာတွေမှာ မွှေနေတာ ၃ ရက်လောက်ရှိပြီ။ အိမ်တွေကို မီးရှို့တယ်။ လက်နက်ကြီးတွေထုလို့လည်း လောင်တာတွေရှိတယ်။ ရောက်ကတည်းက မီးရှို့ပြီး လုပ်ချင်ရာလုပ်နေတာ။ ရွာထဲကနွားတွေလည်း သတ်စားထားတယ်”  

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၁၅၈၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဖေဖော်ဝါရီ ၂၅ တွင် ထုတ်ပြန်ထားသည်။ 

တန့်ဆည်တွင် စစ်သားများ သောင်းကျန်းနေသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ တုံ့ပြန်ချက်ကို Myanmar Now က ရယူနိုင်ခြင်း မရှိသေးပါ။ 

ဖေဖော်ဝါရီ ၂၄ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာများတွင် စစ်ကိုင်းတိုင်းအတွင်း သတ်ဖြတ်မှုများမှာ အကြမ်းဖက်သမားတို့၏ လုပ်ရပ်ဖြစ်သည်၊ စစ်တပ်က လူထုကို ကာကွယ်နေသည်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ထာဝရငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားပြီးဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးက ပြည်ပသတင်းသမားများကို ပြောကြောင်း ဖော်ပြထားသည်။ 

“ယခုနှစ်မှစ၍ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ် စတင်မည်ဖြစ်ကြောင်းကို အသိပေးပြောကြားလိုပါကြောင်း” ဦးမောင်မောင်အုန်းက ပြောသည်ဟု သတင်းတွင် တွေ့ရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဟု ဆိုကာ အာဏာသိမ်းခဲ့ပြီးနောက် သူ၏တပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားဆန့်ကျင်ရေး အကြောင်းပြပြီး အရပ်သားအများအပြားကို သတ်ဖြတ်နေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button