ပြည်သူလူထုက ဆန္ဒမဲပေးပြီး ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရကို စစ်တပ်က လက်နက်အားကိုးဖြင့် ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့မှုသည် တစ်နှစ်ပြည့်လာခဲ့ပြီဖြစ်သလို ပြည်သူများသည်လည်း စစ်အာဏာရှင်ကို ရရာလက်နက်ဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေကြပြီဖြစ်သည်။
အာဏာသိမ်းယူခဲ့သည့် တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခုခံစစ်ဆင်နွှဲခဲ့ကြသော်လည်း ယခုလက်ရှိအချိန်ကစပြီး တော်လှန်ရေးတစ်ဆင့်မြှင့်တင်ရမည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်ဖြုတ်ချရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူတော်လှန်ရေးအဖွဲ့အားလုံးနှင့်အတူ ပြည်သူများက ပူးပေါင်းဆောင်ရွက်လျှင် အောင်မြင်မှုရရှိလိမ့်မည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဆိုကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/w3uACFRtF5w]