![](https://myanmar-now.org/mm/wp-content/uploads/sites/7/drupal/youtube/ocZ4DJ3n6m4.jpg)
ဇန်နဝါရီလ ၂၄ရက်နေ့က ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ စံပြ ၆ မိုင်ရွာအနီးတွင် တစ်နေကုန်နီးပါး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် (၃)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွင် ကယားပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှု မရှိတော့သဖြင့် လွိုင်ကော်မြို့ပေါ်မှ စစ်ရှောင်သွားသည့်ပြည်သူများ ၎င်းတို့၏ နေအိမ်များသို့ ပြန်လာပြီး နေထိုင်ကြပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း လွိုင်ကော်မြို့ပေါ်ရပ်ကွက်အချို့နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းက ရပ်ကွက်အချို့တွင် နေထိုင်သည့် ပြည်သူများသည် တိုက်ပွဲများဆက်ရှိနေသဖြင့် ပြန်မလာစေချင်သေးကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/ocZ4DJ3n6m4]