အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထားဝယ်မြို့ Dawei Watch သတင်းဌာနမှ ၃ ဦး အဖမ်းခံရ

ယမန်နေ့ (ဇန်နဝါရီ ၁၈) ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် Dawei Watch သတင်းဌာန၌ လုပ်ကိုင်ခဲ့သော သတင်းထောက်နှစ်ဦးနှင့် ရုံးအဖွဲ့ဝင်တစ်ဦးတို့ကို နေအိမ်များတွင် လာရောက်ဖမ်းဆီးသွားသည်ဟု အဆိုပါသတင်းဌာနမှ အယ်ဒီတာတစ်ဦးက ပြောသည်။​

အသက် ၃၀ ကျော်အရွယ် သတင်းထောက်များဖြစ်ကြသော မမိုးမြင့်နှင့် ကိုဇော်၊ အသက် ၂၀ ကျော်အရွယ် ကိုသားကြီးဆိုသူ ရုံးဝန်ထမ်းတစ်ဦးတို့ ဖမ်းဆီးခံရသည်ဟု ၎င်းက အတည်ပြုသည်။ 

“ရုံးက ပိတ်ထားတာ ကြာပြီ။ သူတို့ထုံးစံအတိုင်း ကားတွေနဲ့ လာပြီးတော့ အိမ်တွေမှာ လိုက်ဖမ်းသွားတာ​။ ကျွန်တော်တို့လည်း စုံစမ်းနေတယ်။ ဘယ်နားမှာ ထားသလဲ မသိသေးဘူး” ဟု ထိုအယ်ဒီတာက ဆိုသည်။

ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးကလည်း ည ၁၁ နာရီခွဲတွင် ထားဝယ်မြို့၊ တလိုင်းခင်ရပ်ကွက် နေအိမ်တွင် မမိုးမြင့် အဖမ်းခံရပြီး ယနေ့ (ဇန်နဝါရီ ၁၉) နံနက် ၂ နာရီဝန်းကျင်ခန့်က ဝဲကျွန်းရပ်ကွက် ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ ကိုဇော် အဖမ်းခံရသည်ဟု သိရကြောင်း ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရုံးဝန်ထမ်း ကိုသားကြီးမှာ ကိုဇော်နှင့်အတူ ဖမ်းဆီးခံရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အထက်ပါအမျိုးသားက ဆိုသည်။

“မမိုးမြင့်က အိမ်အပေါ်ထပ်မှာ ဖုန်းပြောနေတာ။ ကင်းလှည့်တဲ့ကားတစ်စီးက သူ့အိမ်ရှေ့ရောက်တော့ ကားထိုးရပ်လိုက်ပြီး အိမ်ထဲ ဝင်စစ်ဆေးတယ်။ အိမ်အပေါ်ထပ် တက်သွားတယ်” “ဟု တလိုင်းခင်ရပ်ကွက် နေထိုင်သူတစ်ဦးကို ကိုးကား၍ ထိုသူက ပြောသည်။

“ခဏနေတော့ နောက်ထပ် အိမ်စီးကားတစ်စီး ထပ်ရောက်လာတယ်။ အိမ်ထဲက ထွက်လာတော့ တစ်ခါတည်းဖမ်းသွားတယ်”

မြန်မာပြည်တောင်ပိုင်းအခြေအနေများကို အထူးပြုတင်ဆက်နေသော Dawei Watch သတင်းဌာန၏ အယ်ဒီတာက ဖမ်းဆီးခံလိုက်ရသူများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသည်။

“ကျွန်တော်တို့က သတင်းထောက်တွေ၊ သတင်းထောက်အလုပ်လုပ်တာဖြစ်တယ်။ ဘာမှ ဥပဒေနဲ့ ငြိစွန်းတာ ဘာမှ မရှိဘူး။ သတင်းကျင့်ဝတ်နဲ့အညီပဲ သတင်းတင်ဆက်တာဖြစ်တယ်။ သတင်းတင်ဆက်တဲ့နေရာမှာ တတ်နိုင်သမျှ မျှမျှတတ လုပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယမန်နေ့က ၎င်းတို့သတင်းဌာန တင်ဆက်ခဲ့သည့် သတင်းများမှာ တနင်္သာရီတိုင်းအတွင်း ၆၀ ကျော် သတ်ဖြတ်ခံရပြီး ၉၀၀ ကျော် ဖမ်းဆီးခံရမှု၊ ထားဝယ်ထောင်တွင်း အကျဉ်းသားများ ကျန်းမာရေးအခြေအနေ၊ မြိတ်တွင် စပါးထွက်နှုန်းလျော့ပြီး လယ်သမားများ အရှုံးပေါ်နေသည့် အကြောင်းများ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း Dawei Watch သတင်းဌာနက တင်ဆက်သော သတင်းများကို သတင်းစာ၊ ဂျာနယ်အများအပြားက ဝယ်ယူသုံးစွဲခဲ့ကြသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ Dawei Watch သတင်းထောက်များကို မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း မသိရှိရသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းထောက်အများအပြား ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူများရှိသော်လည်း ယမန်နေ့ညက ဖမ်းခံရသည့် သတင်းထောက်နှစ်ဦးအပါအဝင် ၅၀ ဝန်းကျင် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သတင်းသမားအသိုင်းအဝိုင်းထံမှ သိရသည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ဖမ်းဆီးခြင်းမရှိဘဲ ဥပဒေချိုးဖောက်သူများကိုသာ ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောထားသည်။ 

၂၀၂၁ ကြည့်မြင်တိုင်မြို့နယ်၊ ဒီဇင်ဘာ ၅ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲကို ကားဖြင့် တိုက်၍ ဖြိုခွင်းစဉ် ဒဏ်ရာအပြင်းအထန်ဖြင့် ဖမ်းဆီးခံရသည့် MPA သတင်းထောက်နှစ်ဦးလည်း မလွတ်မြောက်သေးပေ။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles