မေးမြန်းခန်း

“စစ်ကောင်စီက အထိနာလို့ နေရာတကာ လေယာဉ်သုံးနေတယ်” ခူးဒန်နီရယ် (KNPP)

စစ်အာဏာသိမ်းမှု တနှစ်ခန့်ကြာလာချိန် နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံမှုများ အများအပြားရှိနေခဲ့ပြီး ကရင်နီဒေသအတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ရှေ့တန်းကနေ ပါဝင်နေပါသည်။ ကရင်နီဒေသအတွင်း တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေပြီး ကရင်နီတပ်မတော် (KA) နှင့်အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ‌ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေပါသည်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများသည် ပြည်နယ်မြို့တော် လွိုင်ကော်မြို့အထိ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ ထိခိုက်သေဆုံးမှုရှိသဖြင့် စစ်ကောင်စီက တိုက်လေယာဉ်များ၊ သံချပ်ကာယာဉ်များပါ အသုံးပြုတိုက်ခိုက်လာခဲ့ပါသည်။ လက်ရှိ ကရင်နီပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေများနှင့် စစ်ဘေးရှောင်အခြေအနေများကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ပြောရေးဆိုခွင့်ရှိသူ ခူးဒန်နီရယ်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/gLS70goNQ50]

Show More

Related Articles

Back to top button