အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးမြို့နယ်၊ သာစည်ရွာတွင် အရပ်သားတစ်ဦးကို စစ်တပ် ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် တစ်မိုင်အကွာရှိ သာစည်ကျေးရွာကို ယနေ့(ဇန်နဝါရီ ၁၁) နံနက်တွင် စစ်တပ်က ပိတ်ဆို့စီးနင်းစဉ် အသက် ၄၆ နှစ်အရွယ် ဦးဖိုးထွန်းဆိုသူ ရင်ဘတ် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။

အင်အား ၁၆၀ နီးပါးခန့် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်ဝတ်ဖြင့် လက်နက်ကိုင်များက နံနက် ၇ နာရီဝန်းကျင်မှစ၍ ကျေးရွာအတွင်းသို့ သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့သည်ဟု ဒေသခံနှစ်ဦးက ပြောသည်။

ကလေးနည်းပညာကောလိပ်ဘက်မှ အင်အား ၁၀၀ နီးပါး၊ ကလေးမြို့ဘက်မှ အင်အား ၆၀ နီးပါး သာစည်ရွာသို့ တပ်ဖြန့် ဝင်ရောက်လာကြောင်း၊ ဒေသခံနှစ်ဦးကို ဖမ်းဆီးလာကာ လမ်းပြလုပ်ခိုင်း၍ နေအိမ်အချို့ကို ရှာဖွေမွှေနှောက်ပြီး ဆိုင်ကယ်နှစ်စီးကိုလည်း မီးရှို့ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဦးဖိုးထွန်း ဆိုင်ကယ်စီးနေစဉ် ပစ်ခတ်ခံရသည်ဟု တစ်ဦးက ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုဖြစ်စဉ်အတွင်း သေဆုံးသူ ဦးဖိုးထွန်းအပြင် အခြားအရပ်သား ၂ ဦးထက်မနည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ကာ အမျိုးသမီး ၄ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု ထိုသူတို့က ဆိုသည်။ အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

“စစ်သားတွေက ရွာထဲမှာ တပ်စွဲထားတဲ့ပုံစံမျိုးမဟုတ်ဘဲ ပိုက်စိပ်တိုက်ပြီးရှာနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တပ်စွဲတဲ့ပုံစံမဟုတ်ဘဲ ဝင်မွှေတဲ့ပုံစံ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကလေး-ဂန့်ဂေါလမ်းပေါ်တွင် အိမ်ခြေ တစ်ထောင်နီးပါးရှိသည့် သာစည်ကျေးရွာမှ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြကြောင်း၊ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့၏ရန်ကိုလည်း ကြောက်နေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တောထဲမှာ ပျူစောထီးတွေ ဇောင်းကြွလာတော့ တစ်ခါထပ်ပြေးရတာ။ အခုလဲ အဆင်မပြေဘူး။ ပြေးဖို့ ထပ်လုပ်နေရတာ” ဟု ၎င်းက မွန်းလွဲ ၃ နာရီဝန်းကျင်တွင် တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။

သာစည်ကျေးရွာသို့ ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ပြန်လည်ထွက်ခွာခြင်းရှိမရှိကို အထက်ပါသတင်းရင်းမြစ်နှင့် အဆက်အသွယ်ရချိန်အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

ကလေး – ဂန့်ဂေါကားလမ်းပေါ်ရှိ နတ်ချောင်းကျေးရွာတွင်လည်း ၂၀၂၁၊ ဒီဇင်ဘာလက စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ချိန်တွင် စစ်ကောင်စီက စစ်ရဟတ်ယာဉ်များပါ သုံး၍ ပစ်ခတ်သဖြင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရဖူးသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံရာတွင် ရိုးရာလက်လုပ် တူမီးသေနတ်များသုံးသည့် ကလေးမြို့သည် အစောဆုံးဖြစ်ပြီး စစ်တပ်ကို ယနေ့တိုင် တော်လှန်နေသည်။

မြို့ပေါ်ဆန္ဒပြပွဲများလည်း ကလေးမြို့နယ်အတွင်း ရှိနေဆဲဖြစ်ကာ အာဏာသိမ်းအပြီး တစ်နှစ်ဝန်းကျင်အတွင်း ဒေသတွင်း၌ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသည့် ပြည်သူ ၁၀၇ ဦးရှိပြီး ၄၀၀ ကျော် ဖမ်းဆီးခံထားရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများ၏ စာရင်းက ဆိုသည်။

အာဏာသိမ်းပြီးနောက်တွင် လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် စစ်ကိုင်းတိုင်းအတွင်း မြို့ရွာများ၌ စစ်ကောင်စီကို ခုခံမှုများ အလွန်အားကောင်းနေသည်။

စစ်တပ်ကလည်း အိမ်များကို မီးရှို့၊ ပြည်သူတို့ကို သတ်ဖြတ်၊ လေကြောင်းဖြင့် တိုက်ခိုက် စသည့် နည်းမျိုးစုံသုံး၍ စစ်ကိုင်းတိုင်းကို ဖိနှိပ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles