အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဇီးပင်ကြီးပါချုပ်ကို နေရာပြောင်းရွှေ့

ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးညီညီစံနှင့် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးတို့ကို ရာထူးနေရာ လဲလှယ်ခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေညာာထားသည်။

ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်သည် သင်တန်းတက်ရောက်သည့် အစိုးရဝန်ထမ်းများကို ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေးများနှင့် ပတ်သက်၍ ဝါဒမှိုင်းတိုက်ကာ သင်ကြားကြောင်း ဝေဖန်မှုများထွက်ပေါ်ပြီး လနီးပါး အကြာတွင် ယခုကဲ့သို့ ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

၂၀၁၈ ဒီဇင်ဘာလတွင် သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာစိုးသူရဇော်က ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သည် အစိုးရဝန်ထမ်းများကို နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ကြားရာတွင် လွဲမှားသော အယူအဆများ သွတ်သွင်းနေကြောင်း ဇီးပင်ကြီးစစ်တမ်းဆိုကာ အပိုင်းသုံးပိုင်းဖြင့် လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ထို့နောက် ဇန်နဝါရီလဆန်းပိုင်းတွင် ဇီးပင်ကြီး ပြည်သူ့ဝန်ထမ်းအကယ်ဒမီတွင် နိုင်ငံရေးသိပ္ပံဌာန၌ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာထွန်းမင်းကို သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနသို့ ပြောင်းရွှေ့ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခု ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးပြောင်းရွှေ့ခံရသူ ဦးညီညီစံသည် ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သည် ဝါဒမှိုင်းများတိုက်သွင်းနေသည်ဟုဆိုသော ဝေဖန်ချက်များ မမှန်ကန်ကြောင်း ဇီးပင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်ရာထူးရှိစဉ်က Myanmar Now ကို ဖြေကြားထားသည်။

ထိုသို့ ဦးညီညီစံကို နေရာရွှေ့ပြောင်းခန့်အပ်ခြင်းသည် ဗဟိုဝန်ထမ်းတက္ကသိုလ်သင်ကြားရေးအပေါ် ဝေဖန်မှုများနှင့် သက်ဆိုင်ခြင်းရှိမရှိကို ရာထူးဝန်အဖွဲ့သို့ ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပါ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button