အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KNU တပ်မဟာ (၅) နယ်မြေတွင် စစ်တပ်ဘက်မှ သေဆုံးမှု နှစ်ဆတိုးလာ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် တိုက်ပွဲများဖြစ်ပွားနေရာ ဩဂုတ်အတွင်း စစ်တပ်ဘက်မှ သေဆုံးသူ ယခင်ထက် နှစ်ဆတိုးလာကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)  တပ်မဟာ (၅) က ယမန်နေ့ (ဩဂုတ် ၃၁) တွင် သတင်းထုတ်ပြန်သည်။ 

ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း အကြိမ် ၁၃၀ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၁၁၈ ဦး သေဆုံးပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် ၆၈ ဦး  ဒဏ်ရာရကြောင်း ၊ KNLA ဘက်မှလည်း ၅ ဦး ဒဏ်ရာရကြောင်း တပ်မဟာ (၅) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဇူလိုင်လအတွင်း ထိုဒေသတွင် စစ်တပ်ဘက်မှ  ၆၅ ဦး ကျပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် ဒဏ်ရာရသူ ၁၀၁ ဦးရှိခဲ့သည်ဟု သိရသည်။  

စစ်တပ်ဘက်မှ သေဆုံးသူတိုးခြင်းမှာ တိုက်ပွဲအရေအတွက်နှင့် များစွာ သက်ဆိုင်ခြင်းမရှိကြောင်း KNU ထုတ်ပြန်ချက်ပါ ကိန်းဂဏန်းများအရ သိရသည်။ ဇူလိုင်လ တိုက်ပွဲအရေအတွက်မှာ ၁၃၀ ဖြစ်ပြီး သြဂုတ်တွင် ၁၃၃ ကြိမ် ရှိခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ် အာဏာသိမ်းပြီးနောက် KNU လှုပ်ရှား၊ ထိန်းချုပ် နယ်မြေများအနက် တပ်မဟာ (၅) နယ်မြေ တွင် တိုက်ပွဲအများဆုံး ဖြစ်နေသည်။ လက်ရှိ KNU တပ်မဟာ (၄) နယ်မြေမှအပ ကျန်နယ်မြေအားလုံးတွင် ထိုးစစ်ဆင်ရန် စစ်တပ်က ကြိုးပမ်းနေကြောင်း သိရသည်။

သို့သော်လည်း နယ်မြေခံဖြစ်သော KNU တပ်ဖွဲ့ဝင်များက ပြောက်ကျားထိုးစစ်ဆင်နိုင်ခြင်း၊ ဒေသခံများ၏ ပူးပေါင်းခြင်းများကြောင့် အသာစီးရကာ တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှု နည်းပါးနေသည်။ 

ထို့ပြင် ဖာပွန်ခရိုင်၌ စစ်တပ်က ပြည်သူများ လယ်ယာလုပ်ငန်းခွင်များထဲသို့ လက်နက်ကြီး အလုံး ၁၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း၊ နေအိမ် ၆ လုံး မီးလောင်၍ ဒေသခံ ၃ ဦး ရိုက်နှက်ခံရပြီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း၊ စစ်လေယာဉ်များဖြင့် ၅ ကြိမ်ခန့် လာရောက်ကင်းထောက်နေကြောင်း တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် မတ်လအတွင်း ဗုံးကြဲခံခဲ့ရသည့် တပ်မဟာ (၅) နယ်မြေ ​​ဖာပွန်ခရိုင်ထဲရှိ ကျေးရွာများကို ဩဂုတ်နောက်ဆုံးပတ်အတွင်းက လေကြောင်းအန္တရာယ် တပ်လှန့်ထားသည်။ 

စစ်တပ်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် KNU နှင့် ၂၀၁၈ ခန့်မှစ၍ ဖာပွန်ဒေသတွင် တိုက်ပွဲများ ပြန်ဖြစ်ပွားနေသည်။ 

အာဏာသိမ်းပြီးနောက် စစ်တပ်သည် ကရင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေများကို သတင်းထုတ်ပြန်ခြင်း မရှိတော့ပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button