အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဇူလိုင်အတွင်း ဖာပွန်ဒေသ၌ စစ်ကောင်စီတပ်မှ ၆၅ ဦး သေဆုံး

ဇူလိုင်လအတွင်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံးသူ ၆၅ ဦးရှိပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် ဒဏ်ရာရသူ ၁၀၁ ဦးရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သတင်းပြန်ကြားရေးဌာနဖြစ်သော Thoolei News အွန်လိုင်းစာမျက်နှာတွင် ယမန်နေ့ (ဩဂုတ် ၂) က ဖော်ပြထားသည်။ 

KNU ၏ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ထိတွေ့တိုက်ပွဲ ၁၃၃ ကြိမ် ဖြစ်ပွားရာမှ စစ်ကောင်စီက ထိုသို့ အထိနာခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း အရပ်သား ၄ ဦး မိုင်းထိခဲ့ပြီး လူနေအိမ် ၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားနေထိုင်ရာသို့ လက်နက်ကြီးကျည် ၂၅ လုံးခန့် ကျခဲ့ကြောင်း KNLA တပ်မဟာ (၅) ရုံးဘက်မှ သတင်းကို ကိုးကားဖော်ပြထားသည်။ 

ထိုသို့ ဇူလိုင်လအတွင်း စစ်တပ်ဘက်မှ ကူညီတိုက်ခိုက်ပေးနေသော ကရင်နယ်ခြားစောင့်တပ် (BGF) ဘက်မှ ၂ ဦး လက်နက်ချခဲ့ကြောင်း၊ လက်နက်ငယ် ၄ လက် သိမ်းဆည်းရမိကြောင်း၊ KNLA ဘက်မှ  ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီတပ်က ဒေသခံတို့၏ ပစ္စည်းဥစ္စာများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များကို လုယက်ခဲ့သည်ဟု ဆိုသည်။

KNU ၏ သတင်းဌာန ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။ 

KNU စစ်သည်များတွင် နယ်မြေကျွမ်းကျင်ခြင်း၊ ဒေသခံတို့၏ ပူးပေါင်းဆောင်ရွက်မှု ရရှိခြင်း၊ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်း စသည့်အားသာချက်များ ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ အထိ တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး တစ်ပတ်အတွင်း တိုက်ပွဲ ၂၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ကာ တပ်ရင်းမှူးတစ်ဦး ဒဏ်ရာရခဲ့သည်။ 

တပ်မဟာ(၁) နယ်မြေ သထုံခရိုင် (ဒူးသထူ)တွင် ညောင်ကုန်းရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၄၀၉) ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ကုန်းရွာသားတစ်ဦး ဒဏ်ရာရခဲ့သည်။ 

စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၊ ကယား (ကရင်နီ) ပြည်နယ်တွင် ကရင်နီတပ်မတော် (KA)၊ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး (CNF) တို့နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။ 

ထိုသို့ ဖြစ်ပွားနေသော်လည်း ဩဂုတ် ၁ မှ စက်တင်ဘာ ၃၀ အထိ စစ်ရေးလှုပ်ရှားမှုများ နှစ်လရပ်တန့်ထားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၃၁ ၌ ထုတ်ပြန်ထားသည်။ 

အပစ်ရပ်ကြေညာလိုက်ချိန်တွင်ပင် တိုင်းရင်းသားနယ်မြေများတွင် စစ်ရေးလှုပ်ရှားမှု တိုးမြှင့်နေသကဲ့သို့  အာဏာသိမ်းစစ်ကောင်စီ၏ နှိပ်ကွပ်မှုကို လက်နက်ကိုင်ခုခံနေသည့် အရပ်သား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အားကောင်းရာဒေသများကိုလည်း ဆက်တိုက်တပ်ဖြန့်ကာ ဖိနှိပ်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button