အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုနောက်ကွယ်မှာ စစ်အုပ်စုရဲ့ ရည်ရွယ်ချက်က ဘာလဲ

အာဆီယံဟာ အဖွဲ့ထဲ ဂျစ်ကန်ကန် ပေကပ်ကပ် အနိုင်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနဲ့ ဆက်ဆံရေးအေးစက်စက် ဖြစ်နေရာကနေ နွေးထွေးစပြုလာတဲ့ အရိပ်အယောင်တွေ စတင်ပြသလာပါတယ်။ ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ လူသားချင်းစာနာထောက်ထားမှုရှုထောင့်ကနေ တွေ့ဆုံခွင့်ပေးလိုက်တာဟာ ဘာမှ အထူးတလည် ကြီးကျယ်အန္တရာယ်များတဲ့ ကစားကွက် မဟုတ်ပါဘူး။ စစ်အစိုးရအတွက် သံတမန်ရေး ကစားကွက်မှာ နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး နိုင်ငံရေးအမြတ်ထုတ်တဲ့သဘောပဲ ရှိပါတယ်။

နယ်စပ်လုံခြုံရေး၊ ဒုက္ခသည်အရေးနဲ့ တိုက်ပွဲတွေကြောင့် ရပ်ဆိုင်းသွားတဲ့ ကုန်သွယ်ရေး စတဲ့ အကြောင်းပြချက်တွေနဲ့ ထိုင်းနိုင်ငံဟာ စစ်အစိုးရနဲ့ ပုံမှန်ဆက်ဆံရေး အမြန်ဆုံး ပြန်ထူထောင်လိုတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီကနေ့(ဩဂုတ် ၆ရက်)မှာ ထိုင်းနိုင်ငံကို ရောက်လာတဲ့ ဦးမင်းအောင်လှိုင်အတွက်တော့ ICRC ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့တဲ့ အသေးအမွှား လိုက်လျောမှုနဲ့တောင် ထိုင်းနိုင်ငံခေါင်းဆောင်တွေအတွက်တော့ မြန်မာဟာ နိုင်ငံရေးပြဿနာတွေ စစ်စစ်မှန်မှန် ဖြေရှင်းနိုင်မှုနဲ့ ဝေးကွာနေတဲ့တိုင်အောင် အခုအခြေအနေမှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီ ဆိုတဲ့ ပြစရာတစ်ခု ရှိသွားစေပါတယ်။ အတိတ်ကို ပြန်ကြည့်ရင်လည်း အခုလို ပေါချောင်ကောင်း လိုက်လျောမှုတွေက ထင်မှတ်မထားလောက်အောင် အလုပ်ဖြစ်ခဲ့ပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီး ရက်ပိုင်းအတွင်းမှာပဲ အဲ့ဒီကာလက အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ရဲ့ဝန်ကြီးအဖွဲ့ဝင် ဗိုလ်ချုပ်အောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးတွေ့တာ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ နဲ့ တွေ့ခွင့်ပေးတာတွေ လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ကြည်နဲ့ တွေ့ဆုံမှုကို နိုင်ငံပိုင်ရုပ်သံမှာ စက္ကန့်ပိုင်း ထုတ်လွှင့်ပြသခဲ့ပြီး၊ ဒေါသမီးတောက်နေတဲ့ ပြည်သူလူထုကို ချွေးသိပ်ခဲ့ပါတယ်။ အဲ့ဒီ တွေ့ဆုံမှုတွေမှာ ဘာရလဒ်မှ ထွက်ပေါ်လာတာ မရှိခဲ့သလို စစ်တပ်က စိတ်တိုင်းကျ ကုလားဖန်ထိုး ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးဆုံးတဲ့ကာလအထိ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီးတော့ နေအိမ်အကျယ်ချုပ် ချထားခဲ့တာပါ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း အရင်စစ်ခေါင်းဆောင်ရဲ့ နည်းနာကို ပုံတူကူးချနေတာပဲ ဖြစ်ပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကတော့ ICRC နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးတဲ့ပုံကို ထုတ်ပြတာဟာ အရင်စစ်အစိုးရတွေ လုပ်ခဲ့တဲ့ နည်းလမ်းအတိုင်း အချိန်ဆွဲဖို့နဲ့ ပြည်တွင်းပြည်ပမှာ သဘောထားကွဲပြားမှုတွေဖြစ်အောင် ရည်ရွယ်တဲ့ လုပ်ဆောင်ချက်သာဖြစ်တယ်လို့ ပြောပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အခုလုပ်ရပ်ဟာ ၂၀၀၇ ကာလတုန်းကလိုပဲ လူထုရဲ့ မကျေနပ်မှုကို လျှော့ချဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အဲ့ဒီကာလက အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ဦးမင်းကိုနိုင်က ပြန်ပြောင်း ပြောဆိုပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ထင်ရှားခဲ့သူ ဦးဂမ္ဘီရ(ခ) ဦးညီညီလွင်ကလည်း လက်ရှိမှာ ICRC ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ပေးတွေ့တာဟာ စစ်အစိုးရရဲ့သဘောထား ပြောင်းလဲမှု လုံးဝမဖြစ်နိုင်ဘူးလို့ ထောက်ပြပါတယ်။ အရင်စစ်အစိုးရရဲ့ နည်းဗျူဟာအတိုင်း ဖိအားတွေကို ရှောင်လွှဲဖို့ ဖန်တီးတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ ဦးဂမ္ဘီရက ပြောပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button