အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

လေးမျက်နှာမြို့ရေဘေး နောက်ဆုံးအခြေအနေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအများအပြား ရက်သတ္တပတ်နီးပါး ရေနစ်မြုပ်နေပြီး လူသောင်းနဲ့ချီ ရေဘေးသင့်နေပါတယ်။ ဒေသခံတွေကတော့ ဒီရေဘေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ၁၉၉၁ခုနှစ်က ထိန်ငူတာကျိုးပြီးနောက်ပိုင်း အဆိုးရွားဆုံး ရေကြီးမှုလို့ ပြောဆိုနေကြပါတယ်။

ရေကာတာကျိုးပေါက်ရာကနေ ရေတွေ ဆက်လက်ဝင်ရောက်နေသေးတာကြောင့် ရေလွှမ်းဧရိယာ ပိုမိုကျယ်ပြန့်လာနေပြီး ငါးသိုင်းချောင်းမြို့နဲ့ ကျုံပျော်မြို့နယ်ဘက်က ကျေးရွာတချို့အထိပါ ရေဝင်ရောက်နေပါတယ်။ ဒေသခံအများစုဟာ ဘုန်းကြီးကျောင်းတွေ၊ ကယ်ဆယ်ရေးစခန်းတွေနဲ့ ဆွေမျိုးအိမ်တွေမှာ ယာယီခိုလှုံနေကြရသလို အစားအသောက်၊ ဆက်သွယ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း အခက်အခဲတွေ ဆက်လက်ရှိနေပါတယ်။

စစ်အစိုးရရဲ့ ဩဂုတ် ၅ ရက် ထုတ်ပြန်ချက်အရ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၁၀ ကျော်၊ အိမ်ထောင်စု ၇,၀၀၀ ကျော်၊ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။ ကျွမ်းကျင်သူတချို့ကတော့ ရေပြန်ကျဖို့ နှစ်လကနေ သုံးလအထိ ကြာမြင့်နိုင်တယ်လို့ သတိပေးထားပြီး အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ရေအန္တရာယ်ကျရောက်နိုင်တဲ့ ဒေသတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။

ကိုလှိုင်း/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button