အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဂန့်ဂေါမြို့မှ အဖမ်းခံရသူ ကိုဗစ်လူနာအတွက် မိသားစုစိုးရိမ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခရမ်းကျေးရွာမှ ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားနေသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရပ်ကျေး အလုပ်အမှုဆောင် ဦးတင်မောင်လွင် ဖမ်းဆီးခံရပြီး ၆ ရက်ကြာသည်အထိ အဆက်အသွယ်ပြတ် တောက်နေကြောင်း မိသားစုဝင်က ပြောသည်။

အသက် ၅၄ နှစ်အရွယ် ဦးတင်မောင်လွင်ကို ဩဂုတ် ၉ ရက်တွင် စစ်ကောင်စီ၏ အရပ်ဝတ်လက်နက်ကိုင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဇနီးဖြစ်သူမှာလည်း ကိုဗစ်ကပ်ရောဂါဖြင့် ရက်ပိုင်းအတွင်း ကွယ်လွန်ခဲ့သည်ဟု မိသားစုထံမှ သိရသည်။ 

“အမေဆုံးပြီး ရက်လည်ပြီး နောက်တစ်ရက်ပေါ့။ အဖေကလည်း ကိုဗစ်ကူးထားလို့ နေမကောင်းနေတာ။ စစ်ဆေးစရာရှိတယ်ဆိုပြီး အိမ်အထိ လာဖမ်းခေါ်သွားတာ”ဟု သမီးဖြစ်သူက Myanmar Now ကို ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စစ်ကြောရေးမှာလို့လည်း ကြားနေရတယ်။ အသက်ကလည်းကြီး၊ ရောဂါအခံလည်းရှိ၊ ကိုဗစ်ပါ ကူးစက်ခံထားရတော့ အဖေ့ကို အရမ်းစိတ်ပူနေပါတယ်။ အမြန်ဆုံးလွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်”  

၎င်း၏ဖခင်သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က NLD ပါတီ၏ ရပ်/ကျေးအမှုဆောင်အဖြစ် စတင် တာဝန်ယူလုပ်ကိုင်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းစ အစောပိုင်းကာလဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည် သမီးဖြစ်သူက ဆိုသည်။

“အခု အဖေက သူ့ဘာသာသူပဲ အေးအေးချမ်းချမ်းနေတော့တာပါ”ဟု ပြောသည်။

ဦးတင်မောင်လွင်သည် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရကာ ဖမ်းဝရမ်းထုတ်ခံထားရသဖြင့် တိမ်းရှောင်ခဲ့သူလည်း ဖြစ်သည်။ 

ဇနီးဖြစ်သူ ကိုဗစ်နိုင်တင်းကူးစက်ခံရသောကြောင့် မကျန်းမာသဖြင့် နေအိမ်သို့ ပြန်လာကြောင်း၊ ၎င်းကိုယ်တိုင်လည်း ကိုဗစ်ကူးစက်ခဲ့သောကြောင့် ဆေးကုသနေသူဖြစ်ကြောင်း သိရသည်။ 

ဂန့်ဂေါမြို့နယ် မြို့မရဲစခန်းကို  ဦးတင်မောင်လွင်၏ ကျန်းမာရေးအခြေအနေ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန့်ပွားမသွားစေရန် ချုပ်နှောင်ထားခြင်းရှိမရှိ မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကောင်စီတပ်သည် NLD ပါတီဝင်များ၊ ပါတီထောက်ခံသူအများအပြားကို ပစ်မှတ်ထား ဖမ်းဆီးနေသည်။ 

ပြီးခဲ့သည့် ဇွန် ၁၂ ညပိုင်းကလည်း မန္တလေးမြို့တွင် ကိုဗစ်နိုင်တင်းရောဂါကြောင့် ဆေးကုနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသော စစ်ဗိုလ်၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button