အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မီးရှို့သတ်ခံရသည့်​ ကဗျာဆရာအတွက် မုံရွာ PDF လက်တုံ့ပြန်

လွန်ခဲ့သည့် နှစ်လကျော်က မုံရွာမြို့တွင် ကဗျာ ဆရာ၊ ပရဟိတသမားတစ်ဦး၏ ခေါင်းပေါ် ဓာတ်ဆီလောင်းမီးရှို့၍ သတ်ဖြတ်ခဲ့သည့် အောင်ကိုလတ်ဆိုသူကို ဩဂုတ် ၈ တွင် လက်တုံ့ပြန်လိုက်သည်ဟု ဒေသအခြေစိုက် သံမဏိနှင့်အဖွဲ့သားများ အဖွဲ့ခေါင်းဆောင်က Myanmar Now ကို ပြောသည်။

သွားရောက် လက်တုံ့ပြန်ချိန်တွင် အောင်ကိုလတ်အနီးမှ အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်သဖြင့် ပစ်ခတ်ခဲ့ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ပစ်မှတ်ထားတာက ဆရာစိန်ဝင်းကို သတ်တဲ့သူပဲ။ ကျွန်တော်တို့ပစ်မှတ်ထားတဲ့လူကို လုပ်တဲ့အချိန်မှာ ဘေးကနေ ကျွန်တော်တို့ကို တုံ့ပြန်တဲ့သူရှိတယ်။ ကျွန်တော်တို့အနေနဲ့ မလွှဲသာမရှောင်သာ နှစ်ယောက်လုံးကို တစ်ခါတည်း ရှင်းခဲ့ရတယ်”ဟု ကိုသံမဏိဟု အမည်ဝှက်ပေးထားသူက ပြောသည်။

အသက် ၆၀ အရွယ် ဦးစိန်ဝင်းသည် မေ ၁၄ က မုံရွာစက်မှုဇုန်ရပ်ကွက် ခေါက်ဆွဲစက်ရုံ၌ သူငယ်ချင်းဖြစ်သူနှင့် စကားပြောနေစဉ် စက်ရုံအလုပ်သမားဆိုသူ အောင်ကိုလတ်က ဓာတ်ဆီလောင်းမီးရှို့၍ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုသို့ လုပ်ကြံမှု၏ နောက်ကွယ်တွင် မည်သူ သို့မဟုတ် မည့်သည့်အဖွဲ့အစည်းရှိသည်ကို မသိရသေးပေ။

ဩဂုတ် ၈ တွင် အောင်ကိုလတ် တိမ်းရှောင်ပုန်းခိုနေသည့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရွှေသမင်းတောတိုက်သို့ သွားရောက်ပြီး မုံရွာဟီးရိုးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ကိုသံမဏိက ဆက်ပြောသည်။

သံမဏိနှင့် လုပ်ဖော်ကိုင်ဖက်များသည် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ကိုယ်စားပြုလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

“ကျွန်တော်တို့ လုပ်တာက ဆရာစိန်ဝင်းမိသားစုနဲ့ မဆိုင်ဘူး။ ဆရာ့မိသားစုက ခိုင်းစေလို့ မဟုတ်ပါဘူး။ ကျွန်တော်တို့အဖွဲ့က လုပ်တာပါ”ဟု ကိုသံမဏိက ပြောသည်။

လွန်ခဲ့သည့် နှစ်လကျော်က မီးရှို့သတ်ခံရသည့် ဦးစိန်ဝင်းမှာ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုများ၌ ပါဝင်ခဲ့ကာ မုံရွာလူငယ် (Gen Z) များ၏ လှုပ်ရှားမှုကို အားပေးထောက်ခံခဲ့သူ ဖြစ်သည်။

ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှစ၍ နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခဲ့သူ ဦးစိန်ဝင်းသည် ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပါတီစည်းရုံးရေး လုပ်ငန်းများတွင် ပါဝင်ခဲ့ဖူးသည်။

ထို့အပြင် မကွယ်လွန်မီအထိ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတလျှောက် ရွာများ ရေကောင်းရေသန့်ရရှိရေး အကူအညီပေးနေသည့် ဖန်မီးအိမ်ပရဟိတအဖွဲ့ကို ဦးဆောင်ခဲ့သည်။

ဦးစိန်ဝင်းအတွက် လက်တုံ့ပြန်သည်ဟူသော ပြောဆိုချက်နှင့် စပ်လျဉ်း၍ သတ်ဖြတ်ခံရသည့် အောင်ကိုလတ်၏ မိသားစုနှင့် ရဲတပ်ဖွဲ့တို့ထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button