အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေတပ်မှ ဗိုလ်ကြီးတစ်ဦး ခရမ်းမြို့နယ်တွင် ပစ်သတ်ခံရ

ရန်ကုန်တိုင်း ခရမ်းမြို့နယ် အုန်းပင်ကျေးရွာအနီးတွင် ယမန်နေ့ (သြဂုတ် ၇) ညနေပိုင်းက ရေတပ်မှ ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့် အနီးကပ် သုံးချက်ပစ်သတ်ခံရကြောင်း ဒေသခံတချို့က ပြောသည်။

အပစ်ခံရသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံတချို့က ပြောသည်။

အခင်းဖြစ်ပွားသည့်ရွာနှင့် ရေတပ်အခြေစိုက်စခန်းရှိသော ကင်ပွန်းချုံရွာ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်သားများက ပိတ်ဆို့စစ်ဆေး ရှာဖွေခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

မကြာသေးခင် လများအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဟု ယူဆရသူများ နေရာအနှံ့တွင် ပစ်သတ်ခံနေရပြီး စစ်အရာရှိတစ်ဦးကို ထိုသို့ ပစ်သတ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းနယ်စပ်တွင် တည်ရှိသော ခရမ်းမြို့နယ်တွင် သြဂုတ် ၅ ရက်နေ့ကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ် ၊၂၀၂၀ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သော တိုင်းဒေသကြီးအမတ်လောင်းတစ်ဦးလည်းဖြစ်သည့် ဦးဝင်းခိုင်လည်း သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button