အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘားအံမြို့နယ်အတွင်း တိုက်ပွဲ ၄‌ နေရာဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဟုဆို 

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ယမန်နေ့ (ဇွန် ၂၁) က ၄ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူက ပြောသည်။

ဘားအံမြို့နှင့် မိုင် ၂၀ ခန့်အကွာရှိ KNU တပ်မဟာ(၁) ထိန်းချုပ်ရာနယ်မြေဖြစ်သည့် လယ်တောကြီး၊ မဲလံ၊ ဂူဘီးထွီနှင့် မီးပုံးဒေသ၌ စစ်ကောင်စီတပ်နှင့် ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“လယ်တောကြီးနဲ့ မီးပုံးမှာ တိုးပြီးတော့ ပစ်ကြတယ်။ KNLA ဘက်ကတော့ ကျဆုံးမှုမရှိဘူး။ ဒါပေမဲ့ တပ်မတော်ဘက်ကတော့ ၈ ဦးကျဆုံးတယ် ၂ ဦး ဒဏ်ရာရတယ်” ဟု ၎င်းက ပြောသည်။

ဇွန်လ ၁၄ ရက်ကလည်း ဘားအံမြို့နယ်အတွင်း၌ပင် KNU တပ်မဟာ(၁)နှင့် စစ်ကောင်စီတပ်တို့  တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။
 
KNU တပ်မဟာ(၁)နယ်မြေတွင် သထုံခရိုင်အတွင်းရှိ ဘီးလင်း၊ သထုံနှင့် ဘားအံ၊ ကျိုက်ထိုမြို့နယ်များလည်း ပါဝင်ရာ စစ်တပ်အာဏာသိမ်းပြီးနောက် သထုံမြို့နယ်အတွင်း၌ တိုက်ပွဲငါးကြိမ်ခန့်နှင့် ကျိုက်ထိုမြို့နယ်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။

“အခုက ဘီးလင်း၊ ကျိုက်ထို၊ သထုံကျတော့ အခုက ငြိမ်နေတယ်။ လှုပ်ရှားမှုမရှိဘူး။ ထိပ်တိုက်ရင်ဆိုင်မှု မရှိဘူးပေါ့” ဟု ဘားအံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် စစ်ရေးဆက်လက်တင်းမာနေဆဲ အခြေအနေအပေါ် KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။ 

ဘားအံမြို့နယ်အတွင်း တိုက်ပွဲလေးနေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ပြန်ကြားရေးဌာန၏ Thoolei News ကလည်း သတင်းထုတ်ပြန်ထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာများနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မဟာ(၃)၊ တပ်မဟာ(၅)နယ်မြေများ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သည်။ 

KNU တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲ ရာနှင့်ချီဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅၀ ကျော်သေဆုံးခဲ့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။ 

ထို့ပြင် စစ်ကောင်စီတပ်စခန်းနှစ်ခုကိုလည်း KNU တပ်မဟာ(၅)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း သုံးခုထက်မနည်းကို စစ်ကောင်စီတပ်က စွန့်ခွာခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button