အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် အမေရိကန်နိုင်ငံသို့ ပြန်ပို့ခံရ 

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်ကို စစ်ကောင်စီက အမှုရုပ်သိမ်းပြီးနောက် ယနေ့ (ဇွန် ၁၅) နံနက်ပိုင်းတွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ၎င်း၏ရှေ့နေ ဒေါ်တင်ဇာဦးက ပြောသည်။

ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသူ ကိုနေသန်မောင်မှာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီး ရန်ကုန်မြို့ အင်းစိန်ထောင်၌ သုံးလကျော် ထိန်းသိမ်းထားခဲ့ရာမှ ယမန်နေ့ (ဇွန် ၁၄) တွင် စစ်ကောင်စီက အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ 

“မိသားစုတွေ လိုက်ပို့ခွင့်ရဖို့ ကျွန်မတို့ရှေ့နေတွေ တောင်းဆိုသေးတယ်ရှင့်။ ရဲစခန်းမှာပဲ တွေ့ကြပါလို့ ပြောတယ်။ လေဆိပ်ကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲပဲ သွားရမယ်ပြောတယ်ရှင့်” ဟု ကိုနေသန်မောင်အမှုအတွင် လိုက်ပါဆောင်ရွက်ခဲ့သူ ရှေ့နေက ပြောသည်။ 

ယမန်နေ့တွင် အင်းစိန်ထောင်မှ လွတ်မြောက်လာသော ကိုနေသန်မောင်ကို စစ်ကောင်စီက စစ်ကြောရေးစခန်းတွင် တစ်ညထားပြီးနောက် ယနေ့ နံနက်ပိုင်းလေယာဉ်ဖြင့် အမေရိကန်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မိသားစုဝင်တွေကတော့ လေဆိပ်လိုက်ပို့ခွင့် မရဘူး။ မနေ့ကတော့ ရဲစခန်းမှာ ခဏတွေ့ရတယ်ပေါ့။ လေဆိပ်ကိုတော့ တာဝန်ရှိသူတွေနဲ့ အမေရိကန်သံရုံးက စီစဉ်တယ်ပြောတာပဲ” ဟု ကိုနေသန်မောင်၏ အမဖြစ်သူ မခင်အေးမြင့်သာက Myanmar Now ကို ပြောသည်။

ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို စစ်ကောင်စီက မတ် ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အယ်ဒီတာချုပ် ကိုနေသန်မောင်နှင့် ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အင်းစိန်ထောင်တွင် သုံးလကျော်ကြာ ထိန်းသိမ်းပြီးနောက် အမေရိကန်နိုင်ငံသားဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံသားဖြစ်သည့် ကမာရွတ်မီဒီယာတွဲဖက်တည်ထောင်သူ ကိုဟံသာညိန်းကိုမူ ဖမ်းဆီးထားဆဲဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် သတင်းမီဒီယာများကို ဆက်တိုက်ဖိအားပေး ခြိမ်းခြောက်ကာ သတင်းဌာနရုံးခန်းများကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်။

ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းရှိ Myanmar Now သတင်းဌာနရုံးခန်းကို မတ် ၈ တွင်လည်းကောင်း၊ မတ် ၉ တွင် Mizzima မီဒီယာ၊ DVB နှင့် ကမာရွတ်မီဒီယာရုံးခန်းများကိုလည်းကောင်း၊ ဧပြီ ၃ တွင် ချင်းပြည်နယ် ဟားခါးမြို့ အခြေစိုက် The Hakha Post သတင်းဌာနကိုလည်းကောင်း၊ ဧပြီ ၂၂ တွင် စစ်ကိုင်းတိုင်းအခြေပြု မုံရွာမြို့ရှိ မုံရွာဂေဇက်သတင်းဌာနကိုလည်းကောင်း၊ မေ ၅ ညပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ရွှေဖီမြေသတင်းအေဂျင်စီရုံးကို လည်းကောင်း စစ်ကောင်စီလက်နက်ကိုင်များက ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။

Myanmar Now အပါအဝင် သတင်းဌာနများသည် ကြိုတင်ရွှေ့ပြောင်းထားခဲ့သဖြင့် ဖမ်းဆီးခံရသူမရှိသော်လည်း ကမာရွတ်မီဒီယာကို စီးနင်းစဉ် အယ်ဒီတာချုပ် ဦးနေသန်မောင်နှင့် ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းတို့ ဖမ်းဆီးခံရကာ ရုံးခန်းရှိပစ္စည်းများလည်း သိမ်းယူခြင်း၊ ဖျက်ဆီးခြင်းခံခဲ့ရသည်။

ပြည်တွင်းအခြေစိုက် သတင်းမီဒီယာ ၅ ခုဖြစ်သော Mizzima၊ 7 Day၊ DVB၊ Khit Thit Media နှင့် Myanmar Now တို့ကို ထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဖမ်းဆီးခံထားရသည့် ကိုနေသန်မောင်နှင့် Frontier Myanmar သတင်းဌာနမှ အယ်ဒီတာဖြစ်သူ Daniel Fenster တို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် မေလနောက်ဆုံးပတ်နှင့် ဇွန် ၃ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဌာနက တောင်းဆိုခဲ့သည်။

အမေရိကန်နိုင်ငံသား Daniel Fenster ကို မေ ၂၄ ၌ ရန်ကုန်လေဆိပ်မှ အထွက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် Myanmar Now သတင်းထောက် မကေဇွန်နွေးအပါအဝင် သတင်းသမားအများအပြားကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles