အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

PDF များကို သင်းကွဲချေမှုန်းမည့် မင်းအောင်လှိုင်၏ အပစ်ရပ်စဲရေး ဗျူဟာ

ယခုအခါ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော PDF များသည် အချင်းချင်း ကျောချင်းကပ် စည်းလုံးရန် အရေးပေါ်အခြေအနေ ရောက်ရှိလာနေပြီ ဖြစ်သည်။

ထို့ကြောင့် MDY-PDF ၊ မိုးကုတ်ဗျူဟာနှင့် TRI ဗျူဟာတို့သည် အပစ်ရပ်စဲလိုက်သည့် TNLA နှင့် စစ်တပ်ထိုးစစ်အကြား ညှပ်ပိတ်ခံရသော အခြေအနေမျိုးကို ရှောင်ကွင်းရန်မှာ စစ်ကိုင်းတိုင်းထဲမှ PDF အဖွဲ့များနှင့် မဟာဗျူဟာမြောက် စုစည်းညီညွတ်မှုရယူရန် သေရေးရှင်ရေးတမျှ အရေးပေါ် အချိန် ရောက်နေပြီ ဖြစ်သည်။

ရှမ်းမြောက်တွင် တိုက်ပွဲများလျှော့ချနိုင်လိုက်သော အာဏာသိမ်းစစ်တပ်သည် လွန်ခဲ့သော ငါးနှစ်လုံးလုံး မည်သို့မျှ ထိန်းချုပ်နိုင်စွမ်းမရှိသော အညာစစ်မျက်နှာများဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းအတွင်းရှိ PDF များကို ရှင်းလင်းရန် အဓိကပစ်မှတ်ထား ထိုးစစ် ဆင်ဖွယ်ရှိသည်။ ယခုပင် မတ္တရာမြို့နယ်အတွင်း MDY-PDF ထိန်းချုပ်နယ်မြေများကို စစ်ကြောင်းများဖြင့် ညှပ်ပိတ်ထိုးစစ်ဆင်နေပြီ ဖြစ်သည်။  

သို့သော် စစ်တပ်၏ အာနည်းချက်တစ်ခုသည် လာမည့် ဒီဇင်ဘာလ နှင့် ဇန်နဝါရီလ နှစ်လတွင် ၎င်းတို့၏ ဟန်ပြရွေးကောက်ပွဲများ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားရေး အာရုံစိုက်နေရခြင်း ဖြစ်သည်။ စစ်တပ်၏ ထိုအားနည်းချက်ကို သေချာတွက်ချက်၍ မထင်မှတ်သောနေရာများတွင် “ခံစစ်ရှင်မှ ထိုးစစ်ပြောင်းသော စစ်ဗျူဟာ” ကို PDF အဖွဲ့များအကြား ဟန်ချက်ညီ ချိန်သားကိုက် ဖော်ဆောင်နိုင်မည်ဆိုလျှင် စစ်တပ်ထိုးစစ် များအပေါ် အသာစီး ပြန်ရလာနိုင်ပေလိမ့်မည်။  

ထို့အတွက် PDF တပ်ဖွဲ့များအကြား တဒင်္ဂ စစ်ရေးညီညွတ်မှု မဟုတ်ဘဲ ရေရှည်ခိုင်မာသည့်၊ ပြည်သူများ အားကိုးအားထားပြုရသည့် “အင်အားထု” တည်ဆောက်ရန် လိုအပ်ကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button