အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

လူလှိုင်းစစ်ဆင်ရေးတွေမှာ ထိုးကျွေးခံနေရတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဘ၀

စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းထားတဲ့ တပ်သားသစ်တွေကို နိုင်ငံအနှံ့က ရှေ့တန်းစစ်မြေပြင်တွေဆီကို စေလွှတ်နေပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ သေဆုံးသွားတဲ့အခါ မိသားစုတွေဆီ ပြန်လည်အကြောင်းကြားတာ မရှိဘူးလို့ စစ်မှုထမ်းထဲပါသွားသူတွေရဲ့ မိသားစုဝင်တွေ အများအပြားဆီကနေ စုံစမ်းသိရှိရပါတယ်။ 

ဥပဒေထဲမှာ အကျိုးခံစားခွင့်တချို့ကို ဖော်ပြထားပေမယ့် လက်တွေ့မှာတော့ အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိနေတယ်လို့ တပ်သားသစ်စုဆောင်ခံရပြီးနောက် ထွက်ပြေး၊ လွတ်မြောက်လာသူတွေက ပြောပါတယ်။ 

စစ်မှုထမ်းကာလဟာ ၂နှစ်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ စစ်မှုထမ်း တပ်သားတွေရဲ့ အကျိုးခံစားခွင့်ကို ဖော်ပြထားပေမဲ့ တကယ်လက်တွေ့ စစ်တပ်ထဲရောက်သွားတဲ့အခါမှာတော့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ တပ်သားသစ် စုဆောင်းခံရပြီး ထွက်ပြေး လွတ်မြောက် လာတဲ့ တပ်သားတွေက ပြောကြပါတယ်။ 

အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဉ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တပ်သားသစ်တွေဟာ နေ့စဉ် သေဆုံး၊ ဒဏ်ရာရတာတွေ ရှိနေပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ခေါင်းဆောင်တွေဟာ ဆုံးရှုံးနယ်မြေအသီးသီးကို ပြန်ထိန်းချုပ်နိုင်ဖို့ တပ်သားသစ်တွေကို ရှေ့ဆုံးကနေ အသေခံတိုက်ခိုင်းတဲ့ စစ်ရေးဗျူဟာကို အသုံးချနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ 

ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button