အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီတပ်ကို KNU တပ်မဟာ(၅)နှင့် ပူးပေါင်း‌တိုက်နေဟု ANC စစ်ဦးစီးချုပ်ပြောကြား 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅)က အာဏာသိမ်းစစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိသည်ဟု ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းက ပြောကြားသည်။

“ရှေ့တန်းစစ်ကြောင်းသွားတာလည်း ရှိတာပေါ့။ အဓိကတော့ ရှေ့တန်းနယ်မြေထဲမှာ ဒုက္ခသည်ကူညီစောင့်ရှောက်ရေးတွေ၊ ထောက်ပို့ကိစ္စတွေ အဲဒီအပိုင်းမှာတော့ ကျွန်တော်တို့တာဝန်ယူတာ ပိုများတယ်” ဟု ဗိုလ်မှူးကြီးမင်းထွန်းက Myanmar Now ကို ပြောသည်။

ANC သည် ယခင်က ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုတွင် ပါဝင်ခဲ့သည့် ရခိုင်လက်နက်ကိုင်အဖွဲ့ငယ်တစ်ခုဖြစ်ပြီး ANC အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ALP နှင့် NCA မထိုးရသေးသည့် ULA/AA ဟူသည့် ရခိုင်လက်နက်ကိုင်အဖွဲ့နှစ်ခု ရှိသေးသည်။

ရခိုင်လက်နက်ကိုင်သုံးဖွဲ့အနက် တရုတ်နယ်စပ်၌ အခြေပြုဖွဲ့စည်းထားသည့် ULA/AA သည် အင်အားအကြီးဆုံးအဖွဲ့ဖြစ်ပြီး အာဏာမသိမ်းမီ ရွေးကောက်ပွဲမတိုင်ခင်ကာလများအထိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်တပ်နှင့် အပြင်းအထန်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ 

ကရင်ပြည်နယ်တွင် အခြေပြုထားသည့် ANC အဖွဲ့သည် NCA တွင် ပါဝင်ရန် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများရှိသော်လည်း ‌ပြေလည်မှုမရခဲ့သဖြင့် ၂၀၁၈ အတွင်းမှစ၍ ဆက်လက်ဆွေးနွေးခြင်း မရှိတော့ပေ။

ယနေ့ (မေ ၇) နံနက်ပိုင်းက ANC/AA နှင့် KNU/KNLA မဟာမိတ်တို့ ပူးပေါင်း၍ ကရင်ပြည်၊ မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ အာဏာသိမ်းစစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ANC က သတင်းထုတ်ပြန်ထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ရန်သူက အင်အားနည်းတော့ ဆုတ်သွားတယ်ပေါ့ဗျာ။ ကျွန်တော်တို့က ခဲရာခဲဆစ် တိုက်ပွဲဝင်ပြီး သိမ်းပိုက်လိုက်ရတဲ့ အနေအထားမဟုတ်ဘူး။ သူတို့က အင်အားနည်းတော့ ထိုင်းဘက်ခြမ်းက အာဏာပိုင်တွေကို အကူအညီတောင်းပြီးတော့ တခြားစခန်းနဲ့ သွားပူးပေါင်းတယ်ပေါ့ဗျာ” ဟု ဗိုလ်မှူးကြီးမင်းထွန်းက ပြောသည်။

အူးသုထာ အမည်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားသည့် တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါတပ်စခန်းမှ လက်နက်ကြီးကျည်အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု KNU တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

KNU တပ်မဟာ(၅) သည် မတ်လ ၂၇ တွင် ဖာပွန်ဒေသရှိ စစ်ကောင်စီတပ်စခန်းကိုလည်းကောင်း၊ ဧပြီ ၂၇ တွင် ထိုင်း − မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ 

စစ်ကောင်စီတပ်များသည် တပ်စခန်းသုံးခုထက်မနည်းကို စွန့်ခွာသွားခဲ့ကြောင်းလည်း KNU တာဝန်ရှိသူက ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles