အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLA သိမ်းထားသည့် မြို့အားလုံးနီးပါး စစ်တပ် ပြန်တောင်း၊ ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက်

တအာင်းတပ် TNLA နှင့် စစ်ကော်မရှင်၏ကိုယ်စားလှယ်များအကြား တရုတ်အစိုးရ၏အစီအစဉ်ဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ယမန်နေ့ (ဩဂုတ်လ၊ ၂၇ ရက်နေ့) က အပစ်ရပ်ရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတစ်ရာ သဘောတူညီမှုမရခဲ့ဟု စုံစမ်းသိရှိရသည်။

နှစ်ဖက်တပ်များအကြား အပစ်ရပ်ရန်အတွက် တအာင်းတပ် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့တို့အနက် ကျောက်မဲ နှင့် သီပေါကို စွန့်လွှတ်မည်ဟု ထိုဆွေးနွေးပွဲတွင် ကမ်းလှမ်းခဲ့သည်ဟုသိရသည်။

သို့သော် စစ်ကော်မရှင်ကိုယ်စားလှယ်များက လုံလောက်မှုမရှိသည့်ကမ်းလှမ်းမှုဟုဆိုကာ ပယ်ချခဲ့ပြီး တအာင်းတပ်များအနေဖြင့် မန်တုံနှင့် နမ့်ဆန်မြို့များကလွဲ၍ ကျန်မြို့များကို စွန့်လွှတ်ရမည်ဟု တောင်းဆိုခဲ့သည်ဟု ဆွေးနွေးပွဲအကြောင်းသိထားသည့် Myanmar Now ၏ သတင်းအရင်းအမြစ်က ဆိုသည်။

နှစ်ဖက်ကိုယ်စားလှယ်များအကြား နယ်မြေခွဲဝေရေးအတွက် အငြင်းပွားခဲ့ကြပြီးနောက် ဆွေးနွေးပွဲသည် တစ်စုံတစ်ရာ သဘောတူညီမှု မရဘဲ ပြီးဆုံးခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျော်ဇင်ဝင်း၊ ကိုလှိုင်း/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles