အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တမူးခရိုင်ရဲစခန်းရှေ့တွင် အရပ်သားတစ်ဦး ပစ်သတ်ခံရ  

ယနေ့ ဧပြီ ၁၁ နေ့လယ်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသူနှစ်ဦး ပစ်ခတ်ခံရရာ တစ်ဦး ပွဲချင်းပြီးသေဆုံးသွားသည်။ 

ခရိုင်ရဲရုံးအတွင်းမှ မှန်ပြောင်းတပ်သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု တမူးမြို့ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ခရိုင်ရဲရုံးထဲက စနိုက်ပါနဲ့ လှမ်းပစ်တာ။ ပါးကို ပေါက်ထွက်ပြီး နေရာမှာတင်ပဲ ပွဲချင်းပြီးဆုံးသွားတယ်။ နောက်က လူက ထွက်ပြေးလာပြီး ရပ်ကွက်ထဲကို အကူအညီတောင်းပြီး အလောင်းသွားကောက်တယ်” ဟု အဆိုပါ အမည်မဖော်လိုသူက ပြောသည်။

ယမန်နေ့ ဧပြီ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ရပ်ကွက်များအတွင်း သွားရောက်ကင်းပုန်းဝပ်ပြီး ပစ်ခတ်သည့်အတွက် လမ်းသွားလမ်းလာ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံတချို့က တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အိန္ဒိယနယ်စပ်ဖြစ်သည့် တမူးမြို့တွင် ယခုရက်ပိုင်းတွင်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကလည်း အင်အားဖြည့်တင်းနေသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ရဲတပ်သားတစ်ဦးက ဦးဆောင်ပြီး တမူးရှိ နန်းဖာလုံရဲကင်းကို ဧပြီ ၁ က လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲ ၅ ဦး သေဆုံးခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles