အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်ပန်းတောင်းတွင် စစ်ကောင်စီက အရပ်သားပြည်သူတစ်ဦးကို သတ်ဖြတ် 

ယမန်နေ့ (ဧပြီ ၈) နံနက်ပိုင်းက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ စစ်ကောင်စီလက်နက်ကိုင်များက လူတစ်ဦးကို ပစ်သတ်သွားကြောင်း သိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ကျောက်ပန်းတောင်းမြို့၊ စံပြရပ်ကွက်အတွင်း ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ကျဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

“ခြေသလုံးကို အရင်ပစ်တာ၊ သူကပြေးတော့ တစ်ဖက်အိမ်ဝိုင်းကို ရောက်တဲ့အချိန်မှာ ထပ်ပစ်တာ နောက်ကျောကို မှန်သွားတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခံခဲ့ရသူမှာ ကျောက်ပန်းတောင်းမြို့ခံ ဦးတင်မိုးဆိုသူဖြစ်ပြီး သေနတ်ဒဏ်ရာရရှိပြီးနောက် ၎င်းကို ကားပေါ်တင်ကာ သယ်ယူသွားသည်ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မွန်းလွဲပိုင်းတွင် ဦးတင်မိုးကျဆုံးသည့်သတင်းကို ရပ်ကွက်အတွင်းရှိ ၎င်း၏ဆွေမျိုးများမှတစ်ဆင့် ကြားသိရပြီးနောက် ညနေ ၅ နာရီခန့်တွင် မီးသင်္ဂြိုဟ်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး မျက်နှာဖုံးသပိတ်တွင် ဦးတင်မိုး (အင်္ကျီကွက်ကျား) ပါဝင်လှုပ်ရှားခဲ့စဉ်။ (ဓာတ်ပုံ − ပေးပို့) 

ကျဆုံးခဲ့သူ ဦးတင်မိုးသည် ပေါက်စီရောင်း အသက်မွေးဝမ်းကျောင်းပြုသူတစ်ဦးဖြစ်ကာ ကျောက်ပန်းတောင်းမြို့တွင် ပြုလုပ်သော စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများတွင် တက်ကြွစွာ ပါဝင်လေ့ရှိသူဖြစ်ကြောင်း သိရသည်။

၎င်း၏အိမ်ကို စစ်ကောင်စီတပ်များ လာ‌ရောက်ရှာဖွေခဲ့သဖြင့် စံပြရပ်ကွက်တွင် ခေတ္တတိမ်းရှောင်နေစဉ် စစ်ကောင်စီလက်နက်ကိုင်များက လာရောက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ရသော မတ်လ ၂၇ တွင်လည်း ကျောက်ပန်းတောင်း၌ စစ်ကောင်စီတပ်များ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူနှစ်ဦးကျဆုံးခဲ့ပြီး စစ်သားများက အလောင်းကို ကားဖြင့် သယ်ယူသွားကာ ချက်ချင်းမီးသင်္ဂြိုဟ်ခဲ့ကြသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုများနှင့် ရိုက်နှက်နှိပ်စက်မှုများကြောင့် ဧပြီ ၈ ရက်အထိ အနည်းဆုံး ၆၁၄ ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button