အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်၊ လီဒိုလမ်းမတွင် KIAနှင့် စစ်တပ် တိုက်ပွဲဖြစ်

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်တို့ ယနေ့ မတ် ၃၀ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ ဒွန်ဘန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

“မနက် ၁၀နာရီလောက်ကဖြစ်တာ။ ဒွန်ဘန်တို့ လဝါးတို့ လီဒိုလမ်းမပေါ်မှာဖြစ်တာ။ တနိုင်း-မြစ်ကြီးနားလမ်းပေါ်ပေါ့နော် ဖားကန့်မြို့နယ်ထဲပဲ” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားဒေသခံတစ်ဦးကလည်း “တနိုင်းလမ်းမှာ ဖြစ်တာ။ ဖြစ်စဉ်က အခုလောလောဆယ်က နေရာအနှံ့မှာ သူတို့ ပစ်ခတ်နေတာ ဖြစ်တဲ့အတွက် စစ်ကြောင်းသွားနေရင် သွားတဲ့နေရာ ချောင်းပြီး ပစ်တာမျိုးတွေ ရှိတယ်လို့ သိရတယ်” ဟု ပြောသည်။

နှစ်ဖက်ထိခိုက်မှု အခြေအနေများကို မသိရဟု ၎င်းကဆက်​ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

KIA က ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ်စခန်းများကို မတ်လအတွင်း ဆက်တိုက် ထိုးစစ်ဆင်ခဲ့သည်။

လီဒို လမ်းမ၌ တိုက်ပွဲဖြစ်၍ ဒေသခံ အချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကချင်ပြည်နယ် အ​ခြေစိုက်  The 74 Media က သတင်းဖော်ပြသည်။ 

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့ မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရပေ။

အောက်မြန်မာပြည်တွင်လည်း ပြီးခဲ့သည့်ရက်များအတွင်း KNU လှုပ်ရှားနယ်မြေတွင် တိုက်ပွဲများ ဖြစ်ခဲ့သည်။ စစ်ကောင်စီ၏ စခန်းငယ်တစ်ခု အသိမ်းခံရကာ စစ်သား ၈ ဦး အသိမ်းခံရပြီးနောက် လေတပ်က တိုက်ခိုက်သဖြင့် ဒေသခံထောင်ပေါင်းများစွာ ထိုင်းနယ်စပ်ဘက်သို့ တိမ်းရှောင်ရပြီး အရပ်သားတချို့ သေဆုံးခဲ့သည်။

KIA, KNU နယ်မြေအတွင်း တိုက်ခိုက်မှုများသည် မြို့အများအပြားမှ အရပ်သားများကို စစ်ကောင်စီတပ်များက အကြမ်းဖက်၊ သတ်ဖြတ်မှုများအပြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော စစ်တပ်၏လုပ်ရပ်များကြောင့် အပစ်ရပ်စဲထားမှုအပေါ် ပြန်သုံးသပ်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ယနေ့ (မတ် ၃၀) တွင် ထုတ်ပြန်လိုက်သည်။ 

အပစ်ရပ် ကြေညာမှုများကို ၂၀၁၉ စက်တင်ဘာတွင် အစပြုခဲ့ပြီး အပစ်ရပ်မှုကို မကြာခဏ သက်တမ်းတိုးခဲ့သည်။

နောက်ဆုံးသက်တမ်းတိုးသည့် ယခုလ ၁ ရက်နေ့တွင် အပစ်ရပ်မှုသည် ယခုလ ၃၁ ရက်နေ့အထိ ဖြစ်သည်ဟု ဖော်ပြထားသည်။ သက်တမ်းပြည့်ရန် ၂ ရက်အလိုတွင် ထိုသုံးဖွဲ့၏ ကြေညာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသော နိုင်ငံသူနိုင်ငံသားများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နေခြင်းအား ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း၊ မရပ်တန့်ပါက မြန်မာ့နွေဦးတော်လှန်ရေးဆင်နွှဲနေသူများနှင့်အတူ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles