အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်ဒဂုံ ပစ်ခတ်မှုတွင် ပြည်သူသုံးဦး ကျဆုံး

ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၈ ကွေ့မှတ်တိုင်အနီးတွင် ယမန်နေ့ (မတ် ၂၈ ရက်) ညပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ ပစ်ခတ်ဖြိုခွဲသည့်အတွက် ပြည်သူနှစ်ဦး ထပ်မံကျဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။ 

ထိုနှစ်ဦးမှာ ၁၈ ရပ်ကွက်၊ ရွှေကျွန်းမြိုင် ၂ လမ်းမှ   ၃၉ နှစ်အရွယ် ကိုပြည့်ဖြိုးမောင် ခေါ်  ကိုပေတိုး၊   ၁၉ ရပ်ကွက် မြသီတာလမ်းမှ  အသက် ၃၀ ကျော်အရွယ် ကိုမောင်မောင်အေးတို့ ဖြစ်သည်။

တစ်ဦးမှာ မျက်လုံး သေနတ်ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး နောက်တစ်ဦးမှာ ပေါင် သေနတ်မှန်ဒဏ်ရာ ရရှိထားစဥ် စစ်တပ်က သယ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။ 

“ပေါင်ကိုထိတော့ မြေပြင်ကလူတွေက ပြေးကောက်ဖို့ လုပ်ကြတယ်။ အဲ့ဒီအချိန်မှာ သူတို့က ကားတွေနဲ့တင်သွား တာပါ။ ခေါင်းသေနတ်ဒဏ်ရာတွေက သူတို့ကားပေါ်မှာ ရလာပြီးမှ သေဆုံးသွားတာပါ” ဟု တောင်ဒဂုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်နက်ကိုင်တပ်များက ထိုသူတို့၏   ရုပ်အလောင်းကို ည ၁၂ နာရီခွဲဝန်းကျင်တွင်   မီးပွိုင့်အနီး သွားရောက် ချထားခဲ့ကြောင်း၊  ရုပ်အလောင်း ကောက်ယူရန် ကြိုးပမ်းသူများကို  ကင်းပုန်းဝပ် ပစ်ခတ်နေသည့် အတွက် ယနေ့ မတ် ၂၉ ရက် နံနက်ပိုင်းမှသာ ကောက်ယူနိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

မတ် ၂၈ ရက်နေ့ နေ့လယ်ပိုင်းက တောင်ဒဂုံမြို့နယ်၊ တံတားထိပ်မှတ်တိုင်အနီးတွင် လက်နက်ကိုင်တပ်များ၏ ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် မခိုင်ဇာသွယ်မှာ နားထင်စပ်ကျည်ထိမှန်ဒဏ်ရာဖြင့် ကျဆုံးခဲ့သည်။ 

ထိုနေရာတွင်  လူငယ်အမျိုးသားတစ်ဦး ဝမ်းဗိုက် ထိမှန်ခဲ့ပြီး  ၁၈ ကွေ့ မှတ်တိုင်အနီး ပစ်ခတ်မှုတွင်မူ အမျိုးသားတစ်ဦး ဆီးခုံထိမှန်ခဲ့သည်။ 

စစ်ကောင်စီတပ်များက အဆက်မပြတ် ပစ်ခတ် နှိမ်နင်းနေခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်းတို့ကြောင့် ထိုမြို့နယ်မှ  အခြား ဒဏ်ရာရသူ ၊ သေဆုံးသူ အရေအတွက်ကို  ဆက်လက်စုံစမ်းရန် ခက်ခဲနေသည်။  

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles