အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မ​တော်​နေ့သည် အကြမ်းဖက်သည့်​နေ့ဖြစ်လာဟု အီးယူထုတ်ပြန်  

ယနေ့ကျရောက်သော ၇၆ ကြိမ်မြောက်တပ်မတော်နေ့သည် အကြမ်းဖက်ခြင်း၊ ဂုဏ်သိက္ခာကင်းမဲ့ခြင်းနေ့ တစ်နေ့အဖြစ် အစဉ်အမြဲမှတ်တမ်းဝင်နေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ယနေ့ မတ် ၂၇ တွင် ထုတ်ပြန်ကြေညာလိုက်သည်။ 

“ကလေးငယ်များအပါအဝင် လက်နက်မဲ့အရပ်သားများကို သတ်ဖြတ်ခြင်းမှာ ခွင့်လွှတ်နိုင်ဖွယ်မရှိသော လုပ်ရပ်များဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂရုံး၏ ကြေညာချက်၌ ဖော်ပြသည်။

ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်သည့် မတ် ၂၇ ရက်တွင် အကြမ်းဖက်မြန်မာစစ်တပ်က နေပြည်တော်၌ ၇၆ နှစ်မြောက် တပ်မတော်နေ့အဖြစ် စစ်ရေးပြအခမ်းအနားကို ကြီးကြီးကျယ်ကျယ် ပြုလုပ်ခဲ့သည်။

တစ်ဖက်တွင်လည်း အကြမ်းဖက်စစ်တပ်၏ လက်နက်ကိုင်အဖွဲ့ဝင်များသည် နိုင်ငံတစ်ဝန်း အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုကို ပစ်သတ်ရာ ညနေ ၆ နာရီအထိ အတည်ပြုချက်အရ သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ်များ သေဆုံးခြင်း၊ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခြင်းများ ရှိခဲ့သည်။

ဥရောပသမဂ္ဂသည် ရဲရင့်သော မြန်မာပြည်သူများနှင့်အတူ ရပ်တည်မည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုပုံစံအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းရပ်တန့်ရန်နှင့် ဒီမိုကရေစီပြန်လည်အသက်သွင်းရန်တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။ 

ကိုယ့်နိုင်ငံမှ ပြည်သူများကို သတ်ခဲ့​သော စစ်တပ်အတွက် ရှက်စရာ​ကောင်း​သော​နေ့ (Day of Shame) ဖြစ်ကြောင်း CRPH ၏ ပြောခွင့်ရပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက မှတ်ချက်ပြုခဲ့ကြောင်း CNN နှင့် New York Times အပါအဝင် နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြထားကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles