အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သန်လျင် Star City အိမ်ရာရှိ Mizzima သတင်းဌာနရုံးကို စစ်ကောင်စီဝင်ရောက်စီးနင်း

ထုတ်ဝေခွင့်ပိတ်သိမ်းခံရသော်လည်း ဒီမိုကရေစီရေးအတွက် ဆက်လက်လုပ်ဆောင်မည်ဟု ကြေညာထားသည့် Mizzima သတင်းဌာနရုံးချုပ်ကို စစ်ကောင်စီတပ်ဖွဲ့များက ယနေ့(မတ် ၉) ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့သည်။

“ရုံးက ပြန်အပ်ထားတာ အာဏာသိမ်းကတည်းက၊ ဆိုင်းဘုတ်လည်းမရှိဘူး”ဟု Mizzima သတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်က ပြောသည်။

ရန်ကုန် သန်လျင်မြို့နယ်ရှိ Star City အိမ်ရာတွင် ဖွင့်လှစ်ခဲ့သော  Mizzima သတင်းဌာန ရုံးချုပ်နေရာဟောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ မရှိ ကြောင်းလည်း ၎င်းက ပြောသည်။ 

အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့်သီတင်းပတ်များမှစ၍ သတင်းမီဒီယာများကို ဆက်တိုက်ဖိအားပေး ခြိမ်းခြောက်ခဲ့ပြီးနောက် သတင်းဌာနရုံးခန်းများကိုလည်း ဆက်တိုက် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နေ့ (မတ် ၈) တွင် ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းရှိ Myanmar Now သတင်းဌာနကို ဝင်ရောက်စီးနင်းခဲ့ပြီး ယနေ့ (မတ် ၉) မွန်းလွဲပိုင်းတွင် ကမာရွတ်မြို့နယ်ရှိ ကမာရွတ်သတင်းဌာနကို ဝင်ရောက်စီးနင်းခဲ့သည်။ 

Myanmar Now သတင်းဌာနရုံး စီးနင်းခံရချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးခံခဲ့ရခြင်း မရှိသော်လည်း ကမာရွတ်သတင်းဌာန စီးနင်းခံရချိန်တွင် အဆိုပါသတင်းဌာန တွဲဖက်တည်ထောင်သူ ကိုဟန်သာငြိမ်းနှင့် အယ်ဒီတာချုပ် ကိုနေသန်မောင်တို့ကို စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့သည်။ 

စစ်ကောင်စီသည် ပြည်တွင်းအခြေစိုက် သတင်းမီဒီယာ ၅ ခုကိုလည်း ထုတ်ဝေခွင့် ပိတ်သိမ်းကြောင်း ယမန်နေ့တွင် ကြေညာခဲ့သည်။ ထုတ်ဝေခွင့် ရပ်ဆိုင်းခံရသော ပြည်တွင်းအခြေစိုက် မီဒီယာ ၅ ခုမှာ Mizzima၊ 7 Day၊ DVB၊ Khit Thit Media နှင့် Myanmar Now တို့ဖြစ်သည်။

၎င်းမီဒီယာများအနေဖြင့်  မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသား၊ ထုတ်လွှင့်၊ ဖော်ပြခြင်းမပြုရဟု စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ သတင်းမီဒီယာများအနေဖြင့် ‘စစ်အစိုးရ’၊ အာဏာသိမ်းစစ်တပ်၊ စစ်ကောင်စီ’ စသည့် အသုံးအနှုန်များ မသုံးနှုန်းရန်နှင့် ထိုသို့ သုံးနှုန်းပါက ထုတ်ဝေခွင့်ပိတ်မည်ဟု စစ်ကောင်စီက ပထမအဆင့် သတိပေးစာများ ပေးပို့ခြိမ်းခြောက်ပြီးနောက် ယခုအချိန်တွင်း သတင်း ဌာနရုံးခန်းများကို ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်။ 

စစ်ကောင်စီက ထုတ်ဝေခွင့်ရပ်ဆိုင်းလိုက်သော်လည်း ပိတ်ပင်ခံခဲ့ရသော သတင်းမီဒီယာများသည် ပုံမှန်အတိုင်း သတင်းလုပ်ငန်းများ လည်ပတ်လျက်ရှိကာ သတင်းများ အဆက်မပြတ်တင်ဆက်နေဆဲ ဖြစ်သည်။ 

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၃၀ ဦးကျော်ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ အချို့ရိသော်လည်း သတင်းထောက် ၁၀ ဦးခန့်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားကာ နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားရန် လှုံ့ဆော်ခြင်းဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့်လည်း စစ်ကောင်စီက အမှုဖွင့်အရေးယူထားသည်။ 

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်အရေးယူခံထားရသော သတင်းထောက်များတွင် Myanmar Now သတင်းဌာနမှ မကေဇွန်နွေးလည်း အပါအဝင်ဖြစ်ပြီး ၎င်းသည် တာဝန်ဝတ္တရားအတိုင်း သတင်းလုပ်ငန်းလုပ်ကိုင်နေစဉ် ဖေဖော်ဝါရီ ၂၇ ရက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles