အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထောက်လှမ်းရေးလုပ်ကြံခံရမှုတွင် လူငယ် ၄ ဦးကို အမှုစွဲတင်

ရန်ကုန် – ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) တပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သံသယဖြစ်ခံရသူ လူငယ်လေးဦးကို ပြင်းထန်သည့်ပြစ်ဒဏ်များ ချမှတ်နိုင်သည့် လူသတ်မှု ပုဒ်မများဖြင့် စစ်တွေခရိုင်တရားရုံးတွင် ဇန်နဝါရီ ၁၄ ရက်နေ့က အမှု စွဲတင်ခဲ့သည်။

ထိုလူငယ်များထဲတွင် ယခင်က ယင်းလူသတ်မှုသံသယဖြင့်ပင် ဖမ်းဆီးခံရပြီး  အာမခံဖြင့် လွှတ်ပေးထားသည့် လူငယ်သုံးဦးလည်း ပါဝင်နေခြင်းကို ကန့်ကွက်သည်ဟု ၎င်းတို့၏ ရှေ့နေက ပြောသည်။

“မငြိစွန်းဘူး ဆိုပြီးတော့ အာမခံတောင် ပေးထားလိုက်ပြီးပြီ။ နောက်တစ်ခါ … ငြိစွန်းတယ် ဆိုတာမျိုးနဲ့ ပြန်ဖမ်းတယ် ဆိုတာမျိုးက ဘာပဲဖြစ်ဖြစ် ဥပဒေဟာ လုပ်ချင်သလိုလုပ်လို့ရတဲ့ အနေအထားမျိုးလား” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

ထိုသုံးဦးမှာ အောင်ဇော်လင်း၊ မေယုထွန်းနှင့် ခိုင်ဘိုဘိုတို့ဖြစ်ပြီး နောက်ဆုံးတစ်ဦးမှာ ရန်ကုန်၊ သာကေတမြို့နယ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကိုနီအောင်ကျော် (ခေါ်) ကိုရဲဇော်တို့ ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဒီအမှုနဲ့ပတ်သက်ပြီး ရဲက စစ်တွေမြို့မှာ ကျွန်မတို့ သိသလောက် ဒီကလေးတွေအပါအဝင် ဖမ်းတာ ဆယ်ယောက် နီးပါး လောက်ရှိပြီ။ ဖမ်းလိုက်၊ ပြန်လွှတ်လိုက်။ ခဏနေ ပြန်ဖမ်းလိုက် ပြန်လွှတ်လိုက် လုပ်နေတာ။ အခုတော့ ဒီလေးယောက်ကို ပြစ်မှုနဲ့ ငြိစွန်းတယ် ဆိုတဲ့ ပုဒ်မနဲ့ ဒီလို စွဲတင်လိုက်တာ တွေ့ရတယ်”ဟု ဒေါ်အေးနုစိန်က ပြောသည်။

လူသတ်မှုကို တစ်ဦးထက်ပိုသောသူများက အကြံတူ ကျူးလွန်သည် ဟူသော ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄ ဖြင့် စွဲဆိုခံရပြီး  ပြစ်မှုထင်ရှားပေါ်ပေါက်ပါက အနိမ့်ဆုံးထောင်ဒဏ် ခုနစ်နှစ်မှ အမြင့်ဆုံးသေဒဏ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

သေဆုံးသူ တပ်ကြပ် ဝင်းထိုက်(ခ)ကိုဖိုးလုံးသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ ဝင်္ကဘာကွင်း ဈေးပွဲတော်သို့ မိသားစုနှင့်အတူ လမ်းလျှောက်နေစဉ် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲ့သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ Myanmar Now က စစ်တွေမြို့ရှိ သက်ဆိုင်ရာ ရဲစခန်းကို မေးမြန်းရာတွင် ယင်း ဥပဒေ ပုဒ်မဖြင့် လူငယ်လေးဦးကို တရားရုံးသို့ အမှုစွဲတင်ခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ သို့သော် အခြား အချက်အလက်များ မေးမြန်းရန် အခြေအနေ မပေးခဲ့ပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button