အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်ထောက်လှမ်းရေး ကြိုးကိုင်မည့် စစ်ဒီမိုကရေစီ ရွေးကောက်ပွဲ

ဘာမဆိုလုပ်မည့် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်သည် ခေတ်အဆက်ဆက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနတွင်  ရှိနေသော လူဦးရေစာရင်းဟောင်းများကို ပြန်အသုံးပြုပြီး၊ ၂၀၂၄ ခုနှစ်က မြေပြင်ကွင်းဆင်း ကောက်ယူနိုင်ခြင်းမရှိသော မြို့နယ်များ၏ မဲစာရင်း ပြုစုရန် လုပ်ဆောင် နေသည်။ ၎င်းတို့ကိုယ်တိုင် မှားယွင်းနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို စွပ်စွဲခဲ့သော မဲစာရင်းကိုပင် ပြန်လည်အသုံးချပြီး၊ မည်သည့် လွတ်လပ်သောအဖွဲ့အစည်းမှ စစ်ဆေးခွင့်မရှိသော မဲစာရင်းများကို တိကျမှန်ကန်ပြည့်စုံသည် ဟု လိမ်ညာကြပေလိမ့်မည်။ 

ရဲဝင်းဦး ဦးဆောင်သည့် စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ) သည် အပိုင်းခွဲ ကျင်းပမည့် ရွေးကောက်ပွဲကို မည်သည့်ဒေသများတွင် ဦးစွာကျင်းပပြီး၊ မည်သည့်ဒေသများတွင် နောက်မှကျင်းပမည်ဆိုသည် ရွေးကောက်ပွဲ လုံခြုံရေး မဟာဗျူဟာကို ကိုင်ထားပြီး၊ ရွေးကောက်ပွဲအတွက် အဓိကကျသော အီလက်ထရောနစ် မဲပေးစက်များ သယ်ယူပို့ဆောင်ရေး၊ ဖြန့်ခွဲထားရှိရေးနှင့် ထိုစက်များလုံခြုံရေး အဓိကတာဝန်ယူထားသည်။ ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် စစ်ထောက်လှမ်းရေးအဖွဲ့သည် ရွေးကောက်ပွဲအစီအစဉ်ကို နောက်ကွယ်မှ အဓိက ကြိုးကိုင်စီစဉ်နေကြောင်း ပေါ်လွင်သည်။

လာမည့် ရွေးကောက်ပွဲတွင် မင်းအောင်လှိုင်အတွက် အဓိက အာရုံစိုက်နေသည့်အချက်မှာ ပြည်ထောင်စုလွှတ်တော် ကျင်းပနိုင်မည့် မဲဆန္ဒနယ်အရေအတွက် အလုံအလောက်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးဖြစ်သည်။ စစ်တပ်က ပြည်ထောင်စုလွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရယူထားပြီးဖြစ်ရာ၊ ရွေးကောက်ခံ ကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်း ရှိမည်ဆိုလျှင် လွှတ်တော်အစည်းအဝေး ပထမနေ့ ကျင်းပချိန်တွင် ၅၀ ရာခိုင်နှုန်းကျော်သဖြင့် လွှတ်တော်အစည်းအဝေး အထမြောက်မည် ဖြစ်သည်။ 

ရွေးကောက်ခံကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်းသည် ပြည်သူ့လွှတ်တော်တွင် ၈၆ နေရာ သို့မဟုတ် မြို့နယ် ၈၆ မြို့နယ်၊ အမျိုးသားလွှတ်တော်တွင် ၄၄ နေရာ သို့မဟုတ် တိုင်းတစ်ခုလျှင် ၁၂ နေရာနှင့် တိုင်း ၄ခုတွင် ကျင်းပ ရုံမျှဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် အစိုးရ ဖွဲ့စည်းနိုင်မည်။ ထို့ကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေး တိုင်း ၄ခုတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရုံမျှဖြင့် မင်းအောင်လှိုင်၏ အနည်းဆုံးလိုအပ်ချက် ပြည့်မီနိုင်ကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button