အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်မှုထမ်းဥပဒေဖြင့် လူစုပြီး ဆုံးရှုံးနယ်မြေများပြန်သိမ်းမည်ဟု စစ်ခေါင်းဆောင်ကြုံးဝါး

တပ်အင်အားချိနဲ့မှုကို စစ်မှုထမ်းဥပဒေဖြင့် ဖြည့်တင်းနိုင်မည်ဟု မင်းအောင်လှိုင် ယုံကြည်နေ

စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့အားဖြင့် စုဆောင်းရရှိသူများ တပ်ထဲရောက်လာချိန်တွင် ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေး တစ်ဆင့်ချင်းစီ ဆောင်ရွက်သွားမည်ဟု ဆိုသည်။ စစ်ခေါင်းဆောင်၏ ပြောဆိုချက်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည့် ဒေသများဟု သုံးနှုန်းထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် တော်လှန်ပုန်ကန်မှုများကို “အင်မတန်မိုက်မဲတဲ့လုပ်ရပ်” ဟုလည်း စစ်ခေါင်းဆောင်က ကင်ပွန်းတပ်သည်။ သတင်း၊ တင်ဆက် – ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button