အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်သင်ကြားမှုကို ဝေဖန်သူအား အရေးမယူဟု ကျန်းမာရေးဝန်ကြီးဆို

ရန်ကုန် – ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် သူလေ့လာခဲ့ရသည့် နိုင်ငံရေးနှင့် ဘာသာရေး ဝါဒမှိုင်းများအကြောင်း လူမှုကွန်ရက် Facebook ပေါ်တွင် “ဇီးပင်ကြီးစစ်တမ်း” အမည်ဖြင့် ရေးသားခဲ့သည့် အစိုးရဝန်ထမ်း သွားဆရာဝန်ကို အရေးယူမည်မဟုတ်ဟု ကျန်းမာရေးဝန်ကြီးက ယနေ့တွင် ပြောကြားလိုက်သည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာန (သွားဘက်ဆိုင်ရာ) မှ အသက် ၂၅ နှစ်အရွယ် ဒေါက်တာစိုးသူရဇော်သည် ယမန်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်းက အဆိုပါတက္ကသိုလ်တွင် သူကြုံတွေ့ရသည်များကို ရေးသားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးမအောင်မြင်ရသည်မှာ လက်ရှိအစိုးရ (NLD) က စေတနာမရှိသောကြောင့် ဖြစ်ကြောင်းနှင့် ဘာသာခြားများနှင့် လက်ထပ်ခြင်း၊ ကုန်သွယ်ခြင်းမလုပ်ရန် လှုံ့ဆော်သည့် သင်ကြားမှုများ ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင်ရှိနေကြောင်း နိုဝင်ဘာလအတွင်းက Facebook မှတစ်ဆင့် ဒေါက်တာ စိုးသူရဇော်က ထုတ်ဖော်ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုပါထုတ်ဖော်ပြောဆိုမှုအတွက် အရေးယူရန်မရှိဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အစောပိုင်းက ဒေါက်တာစိုးသူရဇော်သည် ဇီးပင်ကြီးအကြောင်း ရေးသားမှုအတွက် ဌာနတွင်းစုံစမ်းစစ်ဆေးမှု ခံခဲ့ရသေးသည်။ သို့သော် ဝန်ကြီးက အဆိုပါစုံစမ်းစစ်ဆေးသည် သူ၏ ညွှန်ကြားချက်မဟုတ်ဘဲ စုံစမ်းစစ်ဆေးမှုအကြောင်း Facebook တွင်ဖတ်ရမှ သိခဲ့ရသည်ဟု ဆိုသည်။

ထိုသို့ရေးသားခဲ့ခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနအား ဒီဇင်ဘာလ ၃ ရက်နေ့တွင် အကြောင်းကြားခဲ့သည်ကို သက်ဆိုင်ရာဌာနများသို့ မိတ္တူပေးပို့ခဲ့ကြောင်း၊ ဝန်ကြီးရုံးက စုံစမ်းရန် ပြင်ဆင်နေစဉ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အရာရှိများက ပြောသည်။

“(ဌာနတွင်းစုံစမ်းတဲ့) ဖြစ်စဉ်ကတော့ မဖြစ်သင့်ဘဲ ဖြစ်သွားတဲ့ ဖြစ်စဉ်ဖြစ်သွားတယ်။ အဲဒါကိုတော့ ဝမ်းနည်းတယ်။ အမှန်ကတော့ ကျွန်တော်တို့ပြောမှပဲ လုပ်ရမှာပေါ့လေ” ဟု ဝန်ကြီးက ဆိုသည်။

ဒေါက်တာစိုးသူရဇော်ရေးသားခဲ့သည့် “ဇီးပင်ကြီးစစ်တမ်း” စာစုများကို အောက်ပါတို့တွင် ဖတ်ရှုနိုင်ပါသည်။

ဇီးပင်ကြီး စစ်တမ်း ( အပိုင်း – ၁ )
 

ဇီးပင်ကြီး စစ်တမ်း ( အပိုင်း – ၂ )
 

ဇီးပင်ကြီး စစ်တမ်း ( အပိုင်း – ၃ )

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button