အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

FDA ညွှန်ချုပ်အမှုတွင် တိုင်ကြားသူကို ဆက်လက် စစ်ဆေး

အကြီးအကျယ် လာဘ်စားသည်ဟု စွပ်စွဲခံနေရသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၏ အမှုကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ယနေ့ ဆက်လက်စစ်ဆေးရာ အစပြုတိုင်ကြားသူ လွှတ်တော်အမတ် ဒေါက်တာခွန်ဝင်းသောင်းက တရားလိုပြသက်သေ တစ်ဦးအဖြစ် အစစ်အဆေးခံခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့်ထဲမှာ အဲဒီလို တိုင်ကြားရတာ ပါသလားဆိုတဲ့ မေးခွန်းကို ဆက်စစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တို့ လုပ်ပိုင်ခွင့်ထဲမှာ နိုင်ငံသားတို့ အကျိုးစီးပွား၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်ရမယ်လို့ ပါပါတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း  နိုင်ငံသားနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကော်မတီမှာ ပါတဲ့အတွက် ကျွန်တော့်အလုပ်ကို ကျွန်တော်လုပ်တာပါလို့ ပြောခဲ့တယ်” ဟု အမျိုးသားလွှတ်တော်၏ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ရှင်းပြသည်။

“ရိုးရိုးသားသား တိုင်ကြားခဲ့ခြင်းဖြစ်တယ်။ ဒေါက်တာသန်းထွဋ်ကို ရန်ငြိုးရန်စလည်း မရှိဘူး။ သူမှ မဟုတ်ဘူး … ဘယ်အဖွဲ့အစည်းထဲမှာမဆို၊ ကျွန်တော်တို့ပါတီထဲမှာမဆို၊ ဘယ်သူမဆို၊ ဘယ်အစိုးရမဆို ဒါမျိုးလုပ်ရင် ပြည်သူက ရဲရဲဝံ့ဝံ့ တိုင်ကြားရဲမှသာလျှင် တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ညွှန်ချုပ်လုပ်ပိုင်ခွင့်ကို သုံးစွဲပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီအား ကျပ်သိန်း ၁,၅ဝဝ ခန့် တန်သည့် အဆောက်အအုံများ ဆောက်လုပ်ရန် တောင်းခံရယူသည်ဟု စွပ်စွဲခံထားရသည့် ဒေါက်တာသန်းထွဋ်သည် ၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် မန္တလေးတိုင်း တရားလွှတ်တော်တွင် အမှုရင်ဆိုင်နေရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါက်တာသန်းထွဋ်က စွပ်စွဲမှုများကို ငြင်းဆိုထားပြီး စာနယ်ဇင်းများတွင် သူ့အကြောင်း ဖော်ပြမှုများမှာ မျှတမှု မရှိဟု ဝေဖန်လိုက်သည်။

” မီဒီယာသမားတွေက ကျွန်တော့်ကို နှိပ်နှိပ်ကွပ်ကွပ် ရေးနေကြတယ်။ စွပ်စွဲထားတာတွေကို ကျွန်တော် ဥပဒေအတိုင်း ဖြေရှင်းနေပါတယ်။ အမှန်တရားပေါ်လာမှာပါ” ဟု ၎င်းက တရားခွင်အပြီးတွင် သတင်းထောက်များကို ပြောသည်။

အမှုကို ဒီဇင်ဘာ၂၈ရက်တွင် ပြန်လည် စစ်ဆေးသည့်အခါ တရားလိုသက်သေတစ်ဦးဖြစ်သည့် အိုင်တီပညာရှင် ကိုနေလင်းအောင်ကို စစ်ဆေးသွားမည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button