အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တရားမဝင်လမ်းကြောင်းမှ စွန့်စားပြီး ပြည်ပထွက်သူများကိုပါ အခွန်ကောက်ရန် စစ်ကောင်စီ ကြိုးပမ်း

အိမ်နီးချင်း ထိုင်းနှင့် အခြားနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှ စွန့်စားသွားရောက် အလုပ်လုပ်ကိုင်သူများထံမှလည်း ဝင်ငွေခွန်ကောက်မည်ဟု စစ်ကောင်စီက ဆိုသည်။ တရားမဝင်လမ်းကြောင်းမှ ထွက်လာကြသည့် အလုပ်သမားများထံမှ အခွန်ငွေအများအပြား ရရှိနိုင်ရန် စစ်ကောင်စီက စီစဉ်ခြင်းဖြစ်ကြောင်း အခွန်ကျွမ်းကျင်ပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။ “တော်တော်လေးကို တင်းတင်းကျပ်ကျပ်လုပ်တဲ့သဘောရှိတယ်။ အဲ့ဒီတော့ ဒါက ဓားပြတိုက်တာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုပညာရှင်က ပြောသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရသည့်နည်းဖြင့် ခိုးဝင်လာကြသည့် ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီရှိနေပြီး အထောက်အထားမဲ့ မြန်မာ့အလုပ်သမားများအနေဖြင့် ထိုင်းအစိုးရ ထုတ်ပေးသော အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ် ကိုင်ဆောင်ကာ ကြုံရာကျပန်းအလုပ်ကို အနိမ့်ဆုံးလုပ်ခလစာဖြင့် လုပ်ကိုင်နေကြရသည်။ သတင်း၊ တင်ဆက် – အောင်နိုင်၊ ဟန်သစ်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button