အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မြန်မာပို့ကုန်တွေကို ၄၀ရာခိုင်နှုန်း အခွန်ကောက်မယ်လို့ ထရမ့်က မင်းအောင်လှိုင်ဆီ စာပို့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကုန်သွယ်ရေးသဘောတူညီချက်အသစ်များအတွက် ဂျပန်၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံ ၁၂ နိုင်ငံအပေါ်  သွင်းကုန်အတွက် တိုးမြှင့်လိုက်သည့် အခွန်များကို ထုတ်ပြန်ကြေညာရာတွင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာအပါအဝင် သက်ဆိုင်ရာ နိုင်ငံများသို့ ၎င်းတို့၏ ထုတ်ကုန်များအပေါ် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မည့်အကြောင်း အကြောင်းကြားစာများ ပေးပို့ခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

ထရမ့်ထုတ်ပြန်ခဲ့သည့် အခွန်နှုန်းများတွင်  မြန်မာနှင့် လာအိုမှ ပို့ကုန်များအတွက် ၄၀ ရာခိုင်နှုန်း၊ တောင်အာဖရိကမှ ပို့ကုန်များအတွက် ၃၀ ရာခိုင်နှုန်းနှင့် မလေးရှားမှ ပို့ကုန်များအတွက် ၂၅ ရာခိုင်နှုန်း အသီးသီး အခွန်စည်းကြပ်ခံရမည်ဖြစ်သလို ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံများအတွက်လည်း အကောက်ခွန်နှုန်းထားအသစ်များကို ဖော်ပြထားသည်။

ယခင်က ကုန်သွယ်ဖက်နိုင်ငံအားလုံးနီးပါးအပေါ် ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့ရာမှ ယခုတစ်ကြိမ်တွင် ပိုမိုမြင့်မားလာခြင်းဖြစ်ပြီး ယခုတိုးမြှင့်လိုက်သည့် အခွန်သတ်မှတ်ချက်များ စတင်သက်ရောက်မည့် နောက်ဆုံးရက်ကို ဩဂုတ်လအထိ တိုးမြှင့်ပေးခဲ့သည်။

“အခွန်တင်းကြပ်လိုက်ပေမယ့် ၁၀၀ ရာခိုင်နှုန်းတော့ မတင်းကြပ်ပါဘူး” ဟု ထရမ့်က ပြောသည်။

သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် တင်ပြမှုများရှိလာပါက အခွန်နှုန်းထားသစ် စတင်မည့်ရက်ကို သက်တမ်းတိုးမြှင့်ပေးနိုင်သည်ဟုလည်း  ပြောဆိုခဲ့သည်။

“သူတို့ ဖုန်းခေါ်ပြီး တခြားနည်းလမ်းနဲ့ တစ်ခုခုလုပ်ချင်ပါတယ်လို့ ပြောလာရင် ကျွန်တော်တို့က အဲဒါကိုလက်ခံပါမယ်” ဟု ၎င်းက ဆိုသည်။

တောင်ကိုရီးယားသမ္မတရုံးက ထရမ့်၏  ထုတ်ပြန်ချက်အား အမြန်ဆုံးတုံ့ပြန်ခဲ့ရာတွင် သမ္မတလုံခြုံရေးအကြံပေး ဝီ ဆောင်လပ်ခ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့သည် ဩဂုတ်လ ၁ ရက်နေ့မတိုင်မီ ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ဆွေးနွေးမှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် သဘောတူညီထားကြသည်။   

ထရမ့်၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အမေရိကန် စတော့ဈေးကွက်များကျဆင်း သွားခဲ့သည်။  Wall Street  စတော့ဈေးကွက်အပြင်  Dow Jones Industrial Average စတော့ သည် ၀ ဒသမ၉ ရာခိုင်နှုန်း၊ S&P 500 သည် ၀ ဒသမ၈ ရာခိုင်နှုန်းနှင့်  Nasdaq Composite Index မှာ ၀ ဒသမ၉ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။ ထရမ့်နှင့် အငြင်းပွားမှုများ ဖြစ်နေသည့် အီလွန် မတ်စ်၏   Tesla ကုမ္ပဏီသည်လည်း ၆ ဒသမ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ 

ယခုအထိ ထရမ့်က စုစုပေါင်း ၁၄ နိုင်ငံသို့ စာများပေးပို့ထားပြီး တောင်ကိုရီးယားနှင့် ဂျပန်ကဲ့သို့ ထိပ်တန်းပစ္စည်းတင်ပို့သည့် နိုင်ငံများအပြင်   အင်ဒိုနီးရှားနှင့် ထိုင်းကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများအထိ ပါဝင်သည်။ ထရမ့်က အခွန်သတ်မှတ်ချက်အပေါ် မည်သည့်လက်တုံ့ပြန်မှုမျိုးကိုမဆို အလားတူ တုံ့ပြန်မှုဖြင့် ရင်ဆိုင်ရမည်ဟုလည်း သတိပေးထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button