အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကာဒီနယ်ချားလ်စ်ဘို မွေးနေ့လက်ဆောင်ငွေများကို နိုင်ငံမြောက်ပိုင်းမှ စစ်ဘေးရှောင်များအတွက် လှူဒါန်း

(ရန်ကုန်) – ထင်ရှားသည့် ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက သူ၏ သက်တော် (၇၀) ပြည့် မွေးနေ့အတွက် ရရှိခဲ့သည့် အလှူငွေများကို မြန်မာပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင်များအတွက် ပြန်လည် လှူဒါန်းသွားမည်ဟု ဒီဇင်ဘာ ၁၇ တွင်ကြေညာခဲ့သည်။

ဆရာတော်ဝါ (၂၈) ၀ါရှိသည့် ဘုန်းတော်ကြီး၏ မွေးနေ့အတွက် မြန်မာငွေ ကျပ် ၄၆၇ သိန်းကျော်၊ ယူရို ၆၇၅ နှင့် စင်ကာပူဒေါ်လာ ၁၀၀ တို့ ရရှိခဲ့သည်ဟု အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါ ငွေကြေးများကို မူလရည်ရွယ်ထားသည့်အတိုင်း ဗန်းမော်၊ မြစ်ကြီးနား၊ လားရှိုးမြို့များရှိ ကက်သလစ်ဂိုဏ်းအုပ် သာသနာများအောက်တွင်ရှိနေသော စစ်ဘေးရှောင်များအတွက် လှူဒါန်းမည်ဖြစ်သည်။

ကာဒီနယ်ချားလ်စ်ဘိုအား ၂၀၁၅ နှစ်ဆန်းပိုင်းတွင် ကက်သလစ်ဘာသာ၏ ရုံးစိုက်ရာ ဗာတီကန်က ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့သည်။ ဆရာတော်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စိတ်ရှည်ရန် နိုင်ငံတကာသို့ မကြာခဏ မေတ္တာရပ်ခံလျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် အမုန်းတရားမပြန့်ပွားရေးတို့ကို တက်တက်ကြွကြွလုပ်ဆောင်နေသူ ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကာဒီနယ် ချားလ်စ်ဘိုအား ၁၉၄၈ အောက်တိုဘာ ၂၉ တွင် မွေးဖွားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button